𝐏𝐚𝐫𝐭.26

1.2K 156 17
                                    

  အပိုင်း(၂၆)
{ထာဝရဝေးကွာသွားကြပြီ}

သံဇဉ်ချိုကလွန်းရဲ့အိမ်ကိုရောက်လာပြီးအပြင်ကိုသွားဖို့ခေါ်တာကြောင့်နှစ်ယောက်သားကားနဲ့အပြင်ကိုအတူထွက်လာခဲ့ကြသည်၊ကားပေါ်မှာလည်းသီချင်းသံခပ်တိုးတိုးကပြန့်လွင့်နေပြီးစကားသံတို့လည်းထွက်ပေါ်နေသည်၊လွန်းအိမ်ထဲမှာနေတာထက်စာရင်သံဇဉ်ချိုနဲ့လိုက်လာတာကပိုကောင်းမယ်ထင်လို့ထွက်လာတာဖြစ်သည်၊သံဇဉ်ချိုကလည်းလွန်းမလိုက်ဘူးဆိုရင်အတင်းပွေ့ချီပြီးခေါ်သွားမယ်ဆိုလို့ကိုယ့်ဘာသာတက်လာရတာပင်။

"ရေစက်ကဆုံလည်းဆုံတတ်ပါတယ်ဟာ အမရာနဲ့မှငါကလက်ထပ်ရမယ်လို့"

"အမရာကဘာဖြစ်လို့လည်း သူကအရမ်းလှတာနော် နင်နဲ့လိုက်ပါတယ်"

"အား..! မသိဘူး"

လွန်းတစ်ယောက်သံဇဉ်ချို့ကိုကြည့်ပြီးရယ်လိုက်မိတော့သည်၊လက်မထပ်ချင်ဘူးဆိုပြီးအမရာ့အကြောင်းပဲအချိန်တိုင်းခေါင်းထဲထည့်ထားသလိုဖြစ်နေတာကိုတော့သံဇဉ်ချိုမသိပေ၊နောက်ဆုံးရောက်လာတာက ကလေးကစားကွင်း၊ကလေးပေါက်စလေးတွေဆော့တဲ့နေရာဖြစ်ပြီးအရာအားလုံးကသေးသေးကွေးကွေးလေးတွေသာ၊သံဇဉ်ချိုဘာလို့များဒီကိုခေါ်လာလည်းမသိတော့ပေ၊ကစားကွင်းသွားချင်တယ်ဆိုလည်းလူကြီးတွေဆော့လို့ရတဲ့ကစားကွင်းကြီးကိုသွားတာမဟုတ်။

"ဒီမှာဘာလာလုပ်တာလည်း"

"ဆော့ကြမယ်လေ"

လွန်းသက်ပြင်းချပြီးသံဇဉ်ချို့ကိုမျက်စောင်းထိုးလိုက်မိသည်၊သံဇဉ်ချိုကတော့သူ့အရပ်ကြီးမှအားမနာကလေးတွေနဲ့အတူသွားဆော့နေသည်၊လွန်းတစ်ယောက်စိတ်ညစ်ညစ်နဲ့သံဇဉ်ချို့နောက်ကိုလိုက်လာခဲ့လိုက်သည်။

"လွန်း ဒီကိုလာ ဒါလာစီး"

လွန်းကိုဆွဲပြီးကလေးစီးတဲ့ပုခတ်ပေါ်ထိုင်ခိုင်းကာသူကိုယ်တိုင်ကကျတော့ဘာမှမစီးပေ၊ထိုင်စရာနေရာရှိလည်းမဆိုးပါဘူးဟုတွေးပြီးပုခတ်ပေါ်မှာသာဆက်ထိုင်နေလိုက်သည်။

"မမ သမီးတို့လိုအမြန်စီးလေ"

လွန်းရဲ့ဘေးက ကလေးလေးမှာထိုသို့ပြောလာပြီးအမြန်စီးပြသည်၊လွန်းပြုံးလိုက်ရင်းကလေးလုပ်ပြသလိုအရှိန်မြန်ပြီးစီးလိုက်သည်၊ကလေးနဲ့အတူလိုက်ဆော့နေတဲ့လွန်းကအနည်းငယ်စိတ်ကြည်လာလေပြီဖြစ်သည်။

ငါ့မိဖုရားTempat cerita menjadi hidup. Temukan sekarang