𝐏𝐚𝐫𝐭.20

1.2K 154 16
                                    

  အပိုင်း(၂၀)
{သစ်ပင်ပေါ်ကမိဖုရားခေါင်}

အခန်းအတွင်းဂနာမငြိမ်ပဲဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်လုပ်နေတဲ့ဒိုင်ယာရီ့ကိုသံဇဉ်ချိုကြည့်နေတာကြာပြီဖြစ်သည်၊ညီလာခံကပြန်လာပြီးဘုရင်မနန်းဆောင်ထဲရောက်မှထိုင်မရထမရဖြစ်နေတဲ့ဒိုင်ယာရီကမျက်စိနောက်ချင်စရာကောင်းနေလှသည်။

"အထိန်းတော်ကြီး"

"နာခံနေကြောင်းပါအရှင်မ"

"မိ မိဖုရားတွေရဲ့နန်းဆောင်ကိုညမဟုတ်လည်းသွားလို့ရတယ်မလား"

"ရပါတယ်အရှင်မ ညမှမဟုတ်ပါဘူး ဘယ်အချိန်ပဲဖြစ်ဖြစ်သွားလို့ရကြောင်းပါ"

သံဇဉ်ချို့အဖြေကြောင့်ဒိုင်ယာရီ့မျက်နှာကကျေနပ်တဲ့အရိပ်အယောင်များဖြစ်ပေါ်သွားလေ၏၊ဒိုင်ယာရီကဝတ်ရုံကိုသေချာပြန်ပြင်ပြီးချောင်းဟန့်ကာရှေ့ကနေထွက်သွားတာကြောင့်သံဇဉ်ချိုလည်းနောက်ကနေပြေးလိုက်သွားရသည်၊

"အခုဘယ်ကိုကြွမြန်းမှာပါလည်းအရှင်မ"

"မိဖုရားခေါင်ရဲ့နန်းဆောင်ကိုသွားမလို့"

"မှန်လှပါ"

ဒါကြောင့်မို့ဒိုင်ယာရီကတက်ကြွနေတာထင်သည်၊ကိုယ့်မိဖုရားနန်းဆောင်ကိုသွားချင်တာများဂနာမငြိမ်ဖြစ်နေရတယ်လို့။

လွန်းရဲ့အထိန်းတော်နေရာကိုတော့ယုံကြည်စိတ်ချရတဲ့မိန်းကလေးတစ်ယောက်ကိုခန့်အပ်ထားသည်၊ထိုမိန်းကလေးကလည်းအမတ်ချုပ်ကြီးရဲ့အိမ်တော်ကလူဖြစ်ပြီးယုံကြည်ရတဲ့သူပင်။
. .

"မသင့်တော်ကြောင်းပါမိဖုရားကြီး စိုးရွံ့မိပါတယ် အခုပဲဆင်းခဲ့ပါတော့"

"တစ်ခုခုသာဖြစ်သွားရင်ဘယ်လိုလုပ်ရပါ့မလည်း အရှင်မသာသိသွားရင်ကျွန်တော်မျိုးမတို့ခေါင်းပြတ်မှာပါမိဖုရားကြီး အဲ့လိုမလုပ်ပါနဲ့"

အထိန်းတော်ကြီးနဲ့အစေခံမလေးတွေရဲ့တောင်းပန်သံကိုအပင်ပေါ်တက်နေတဲ့လွန်းတစ်ယောက်ကတော့မကြားသလိုဆက်ထိုင်နေလေသည်၊သစ်ပင်ရဲ့ဂွကြားမှာထိုင်ရင်းလက်ထဲမှာလည်းအသီးတစ်လုံးကိုင်ပြီးကိုက်စားနေသည်၊ခြေထောက်လေးကိုအငြိမ်မနေပဲလွှဲရမ်းနေပြီးခေါင်းလေးကတလှုပ်လှုပ်။

ငါ့မိဖုရားWhere stories live. Discover now