𝐏𝐚𝐫𝐭.28(𝑈𝑛𝑖𝑐𝑜𝑑𝑒)

1.2K 154 20
                                    

Unicode

  အပိုင်း(၂၈)
{ထူးဆန်းတဲ့အခေါင်းကြီး}

ဒိုင်ယာရီ့ကိုဆွဲခေါ်ပြီးကားနားကိုရောက်တာနဲ့လက်ထဲကကားသော့အားသံဇဉ်ချိုတို့ဘက်ကိုပစ်ပေးလိုက်သည်၊မြင်မြင်သမျှကိုအံ့ဩနေတဲ့ဒိုင်ယာရီက‌တော့အခုလည်းကားကိုအထူးအဆန်းလိုလိုက်ကြည့်နေရင်းလွန်းအနားကလည်းတစ်ဖဝါးမှမခွာ။

မျက်စိရှေ့မှာရှိနေတဲ့အထူးအဆန်းအရာကြီးကိုကြည့်ပြီးဒိုင်ယာရီ့စိတ်တွေရှုပ်ထွေးလာရသည်၊ထိုအနက်ရောင်ပုပုလုံးလုံးကြီးကဘာလုပ်တဲ့ဟာလည်းမသိပေ၊အထဲကိုလည်းဘာမှမမြင်ရပဲဘာလုပ်တဲ့ပစ္စည်းလည်းစဉ်းစားမရ၊ဒိုင်ယာရီအထူးအဆန်းဖြစ်နေတာကိုလွန်းကသတိထားမိပြီးဒ်ိုင်ယာရီ့လက်ကိုတင်းတင်းဆုပ်ကိုင်လာသည်။

လွန်းကတကယ်လှသည်၊အကယ်၍ချစ်ရတဲ့မိဖုရားကဒီလိုမလှဘူးဆိုရင်တောင်ဒိုင်ယာရီကတော့ချစ်နေမည်၊အစတည်းကလွန်းမို့လို့ချစ်တာဆိုပြီးအကြိမ်ကြိမ်ပြောပြခဲ့ဖူးတာပဲ။

"ဒါကကားလို့ခေါ်တယ် ကိုယ်သွားချင်တဲ့နေရာကိုရောက်အောင်ပို့ဆောင်နိုင်တဲ့ပစ္စည်းမျိုးလေ နည်းနည်းကွဲလွဲပေမဲ့အရှင်မတို့နေရာကဝေါယာဉ်နဲ့တူတယ် ဝေါယာဉ်ကကျတော့မြင်းသွားတာနဲ့ရွေ့သွားတယ်လေ ဒါကတော့မြင်းမလိုဘူး ခေတ်မီတဲ့စက်ပစ္စည်းတွေနဲ့မို့ဒီတိုင်းမောင်းလို့ရတယ် ပြီးတော့ပိုမြန်တယ်"

"အဲ့လိုလား"

"အင်း တက်ကြမယ်နော်"

ဒိုင်ယာရီ့ကိုရှင်းပြပြီးလွန်းကားတံခါးဖွင့်ရန်ရှေ့ကိုတိုးသွားလိုက်သည်၊သံဇဉ်ချိုနဲ့အမရာကတော့ကားပေါ်မတက်သေးပဲဒိုင်ယာရီကားပေါ်ရောက်တဲ့အထိစောင့်နေတဲ့ပုံပေါ်သည်၊လွန်းကားတံခါးဖွင့်ပြီးဒိုင်ယာရီ့ကိုနောက်ပြန်လှည့်ကြည့်လိုက်စဉ်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မျက်လုံးတို့ပြူးကျယ်သွားရ၏၊ဒိုင်ယာရီမှာကားပေါ်ကိုကားတံခါးဖွင့်ပြီးတက်ရမယ်ဆိုတာမသိပဲကားခေါင်မိုးပေါ်ကိုတက်ရန်လုပ်နေလေသည်၊လွန်းအလန့်တကြားနဲ့ဒိုင်ယာရီ့ကိုလှမ်းဆွဲလိုက်တော့ဒိုင်ယာရီကမေးငှော့ပြသည်။

ငါ့မိဖုရားWhere stories live. Discover now