𝐏𝐚𝐫𝐭.10

1.1K 172 23
                                    

  အပိုင်း(၁၀)
{ဘုရင်မဒိုင်ယာရီ}

ချောက်ရဲ့တစ်ဖက်ကိုရောက်သွားပြီဖြစ်တဲ့ဒိုင်ယာရီကခြေပစ်လက်ပစ်မြေကြီးပေါ်လဲကျသွားပြီးသွေးထွက်နေတဲ့ဒဏ်ရာတွေကိုနာကျင်စွာညည်းညူရင်းဖိကိုင်လိုက်လေသည်၊သေလောက်အောင်နာကျင်နေပေမဲ့နောက်ဆုံးအထိတောင့်ခံခဲ့တာမို့အတားအဆီး၇ကအောင်မြင်သွားလေပြီဖြစ်သည်၊ချောက်ကြီးကတော့ပြိုင်ပွဲဝင်တွေမရှိတော့မှပျောက်ကွယ်သွားခဲ့သည်။

"ရှင်အဆင်ပြေရဲ့လား ဒိုင်ယာရီ"

"မင်းနဲ့မဆိုင်ဘူး"

သေလောက်အောင်ပင်ပန်းနေတာကိုတောင်အသံကမာနေနိုင်သေးတဲ့ဇာတ်လိုက်မကိုလွန်းမျက်စောင်းသာပိတ်ထိုးလိုက်သည်၊တကယ်ဆိုဒိုင်ယာရီ့ဘေးမှာလွန်းသာရှိမနေရင်ဒီအချိန်ထိဒိုင်ယာရီတောင့်ခံနိုင်မှာမဟုတ်ပေ၊အကယ်၍တောင့်ခံနိုင်ခဲ့ရင်တောင်ရူးလောက်အောင်ပင်ပန်းနေမှာအသေအချာပဲ။

"ကျွန်မကိုတွဲလိုက်"

"ငါမလိုဘူးလို့ပြောနေတယ်လေ..!"

ထိုသို့ပြောပြီးလွန်းလက်ကိုခါချလာတဲ့ဒိုင်ယာရီ့ကိုပေစောင်းစောင်းသာကြည့်လိုက်မိသည်၊တကယ်လည်းဒိုင်ယာရီကသူ့ဘာသာသူပြန်ထပြီးရှေ့ကိုဆက်သွားနေသည်။

[စိတ်လျှော့ပါHost ဇာတ်လိုက်မကအရင်တည်းကဒီအတိုင်းပါပဲ]

လွန်းလည်းဒိုင်ယာရီ့နောက်ကိုပြေးလိုက်သွားပြီးနောက်ဆုံးအဆင့်ကဘယ်လိုပုံစံလည်းဆိုတာကိုလည်းစိတ်ဝင်စားနေမိသည်၊ဒိုင်ယာရီ့ကိုမှီလာတဲ့လွန်းကချစ်စဖွယ်ပြေးလာပြီးဒိုင်ယာရီ့လက်မောင်းကိုချိန်တွယ်လိုက်လေသည်၊ဖြတ်ကနဲလှည့်ကြည့်လာတဲ့ဒိုင်ယာရီကလွန်းကိုမကြည်သလိုကြည့်သည်၊

"ရှင်လဲကျသွားမှာမို့တွဲပေးတာ"

"မလိုဘူးလို့ပြောနေတယ်လေ မင်းငါနဲ့ဝေးဝေးမှာနေစမ်းပါ..!"

"အာ့"

ဒိုင်ယာရီကလွန်းကိုဖယ်ထုန်လိုက်တာဆိုပေမဲ့ပင်ပန်းနေတဲ့လွန်းကမြေပြင်ပေါ်လဲကျသွားလေသည်၊ညကလည်းတစ်ညလုံးမအိပ်ရတဲ့အပြင်ဒိုင်ယာရီ့နောက်ကနေ‌တစ်ချိန်လုံးလိုက်နေရတာမို့နုနုနယ်နယ်ပုံစံလေးနဲ့လွန်းကအားနည်းနေသည်၊ထို့အပြင်ဒိုင်ယာရီနဲ့ကိုယ်အပူချင်းမျှထားလို့အဖျားတွေကလွန်းဆီကူးထားသေးသည်။

ငါ့မိဖုရားOpowieści tętniące życiem. Odkryj je teraz