𝐏𝐚𝐫𝐭.23

1.1K 140 12
                                    

  အပိုင်း(၂၃)
{နာကျင်နေတဲ့နှလုံးသား}

အချိန်တော်တော်ကြာကြာဆေးရုံတစ်ခုမှာကိုမာဝင်နေခဲ့သောလွန်းကလွန်ခဲ့တဲ့မိနစ်ပိုင်းလောက်ကပဲသတိရလာခဲ့သည်၊ညတိုင်းလာစောင့်အိပ်ပေးနေတဲ့အမေဖြစ်သူကလွန်းသတိရလာတာကိုမြင်ပြီးအလွန်ဝမ်သာသွားသည်မှာမျက်ရည်ဆက်လက်နဲ့ပေ၊လက်လျှော့ရတော့မလိုတောင်ဖြစ်နေခဲ့ရတဲ့လွန်းကသတိပြန်ရလာတာမို့အလွန်အံ့ဩဝမ်းသာသွားကြသည်၊အမေဖြစ်သူကအဖေ့ကိုပါအကြောင်းကြားထားတာမို့ဆေးရုံကိုအိမ်သားတွေအကုန်အပြေးရောက်လာ၏၊လွန်းသစ်ပင်ပေါ်ကပြုတ်မကျခင်အတူကစားနေ‌ခဲ့တဲ့ဘေးအိမ်က ကလေးလေးပါရောက်ရှိလာခဲ့သည်၊ကလေးလေးကပါအတော်လေးအရပ်ရှည်လာတာမို့လွန်းကိုမာဝင်နေခဲ့တာအတော်ကြာနေပြီထင်သည်။

ဆရာဝန်ကြီးတွေကအသေးစိတ်စစ်ဆေးသွားပြီးစိုးရိမ်စရာမရှိဘူးဆိုမှအားလုံးစိတ်အေးသွားရသည်၊သတိရလာတဲ့လွန်းကအမေ့ကိုငိုမဲ့မဲ့လေးကြည့်လာခဲ့သည်၊သတိရရချင်းမှာပဲဝမ်းနည်းတကြီးငိုကျွေးလာတဲ့သမီးဖြစ်သူကြောင့်အမေနဲ့အဖေကလည်းနားမလည်နိုင်ဖြစ်သွားရသည်။

"ဘာဖြစ်လို့လည်းသမီးရယ် ဘာလို့ငိုတာတုန်း"

"ဟင့်"

လွန်းကိုပွေ့ဖက်ပေးလာတဲ့အမေဖြစ်သူရဲ့ရင်ခွင်ထဲတိုးဝင်ပြီးငိုချမိလိုက်သည်၊တကယ်ကြီးဝတ္ထုထဲကနေထွက်လာရပြီမို့လွန်းအရမ်းဝမ်းနည်းသည်၊သူရောဘယ်လိုကျန်နေခဲ့မလည်းမသိပေ၊အမေဖြစ်သူရဲ့လက်မောင်းကိုအားကိုးတကြီးဆုပ်ကိုင်ပြီးဝမ်းနည်းအားငယ်ခဲ့သမျှကိုမျက်ရည်တွေအဖြစ်ထွက်ပေါက်ပေးလိုက်မိသည်၊

"မမလွန်း သမီးတောင်းပန်ပါတယ်နော် သမီးကြောင့်မို့မမလွန်းသစ်ပင်ပေါ်ကပြုတ်ကျရတာပါ"

လွန်းနဲ့အတူအချိန်အကြာကြီးဆော့ခဲ့ဖူးတဲ့ဘေးအိမ်က ကလေးလေးကတောင်းပန်စကားဆိုလာသည်၊လွန်းလည်းအမေဖြစ်သူရဲ့ရင်ခွင်ထဲကထွက်ပြီးကလေးငယ်ကိုပွေ့ဖက်လိုက်သည်။

"မလိုပါဘူးအပြုံးရယ် ငါကနင့်ကိုကျေးဇူးတောင်တင်ပါသေးတယ် ဟင့် သူနဲ့ဆုံစည်းခွင့်ရခဲ့လို့နင့်ကိုတောင်ကျေးဇူးတင်ပါသေးတယ်ဟာ.."

ငါ့မိဖုရားWhere stories live. Discover now