𝐏𝐚𝐫𝐭.29

1.1K 148 12
                                    

  အပိုင်း(၂၉)
{ချိုမြိန်သောနေ့ရက်တွေ}

ညနေခင်းလောက်ရောက်တော့အလုပ်သမားတစ်ယောက်ကိုခေါ်ပြီးဒိုင်ယာရီ့အတွက်အင်္ကျီအဝတ်အစားတွေဝယ်ဖို့လွှတ်လိုက်သည်၊အခုလိုကြီးဝတ်ထားတာကသိပ်ပြီးအဆင်မပြေတာမို့ဒိုင်ယာရီနဲ့သင့်တော်မဲ့အဝတ်အစားတွေဝယ်ဖို့စဉ်းစားမိတာပင်၊ညကျရင်လည်းပွဲလုပ်ဦးမှာမို့အခုတည်းကကြိုတင်ပြင်ဆင်ထားသည်၊

အိပ်ပျော်နေတဲ့ဒိုင်ယာရီ့ရင်ခွင်ထဲမှာလှဲလျက်ရှိနေတဲ့လွန်းကဒိုင်ယာရီ့ကိုတလျှောက်လုံးငေးကြည့်နေသည်၊လွန်းထပ်ပြီးပျောက်သွားမှာကိုစိုးရိမ်နေတဲ့ဒိုင်ယာရီကလွန်းရဲ့လက်တို့ကိုဆုပ်ကိုင်ပြီးမှအိပ်သည်၊ဒီလိုဆိုလွန်းတို့ထပ်ပြီးမဝေးတော့ဘူးထင်သည်။

ခဏကြာတော့ဒိုင်ယာရီနိုးလာသည်၊ကုတင်ပေါ်ကိုထထိုင်ပြီးလွန်းကိုရင်ခွင်ထဲဆွဲဖက်လာသည်မှာတင်းတင်းကျပ်ကျပ်။

"အရှင်မ နိုးပြီလား"

"အင်း ဒီကုတင်ကတော်တော်အိပ်လို့ကောင်းတယ် ငါအကြာကြီးအိပ်ပျော်သွားတယ်မလား"

လွန်းရယ်ရင်းခေါင်းငြိမ့်ပြလိုက်တော့ဒိုင်ယာရီကမွေ့ရာကိုလက်နဲ့စမ်းကြည့်နေသည်၊လွန်းကတော့ဒိုင်ယာရီလုပ်သမျှကိုသဘောတကျပြုံးရင်းငေးကြည့်နေလေ၏။

"အရှင်မ သဘောကျလို့လား"

"အင်း မင်းတို့ဆီကပစ္စည်းတွေကတော်တော်အဆင့်မြင့်တယ်နော် ငါတို့ဆီမှာတုန်းကငါကဘုရင်မဖြစ်လင့်ကစားဒီလိုမျိုးကောင်းမွန်နူးညံ့တဲ့အိပ်ရာနဲ့မအိပ်ခဲ့ရဘူး"

"အရှင်မ နောက်ဆိုအမြဲအိပ်ရတော့မှာပါ"

"အင်း မင်းနဲ့အတူပေါ့"

လွန်းအသံထွက်သည်အထိရယ်ရင်းဒိုင်ယာရီ့ရင်ခွင်ထဲပစ်ဝင်လိုက်တော့ဒိုင်ယာရီကပြန်လည်ထွေးပွေ့လာသည်၊လွန်းစိတ်တို့ပျော်ရွှင်နေသည့်အပြင်ဒိုင်ယာရီဘာလုပ်လုပ်ချစ်တဲ့စိတ်များသာပြည့်နှက်နေပြီးအခုလိုမျိုးချွဲနေချင်သည်၊ရင်ခွင်ထဲခေါင်းလေးတိုးဝင်ရင်း‌ရယ်မောနေတဲ့လွန်းရဲ့မေးဖျားလေးကနေပင့်ပြီးဒိုင်ယာရီကအကြည့်ချင်းဆုံစေသည်၊လွန်းကပြုံးရင်းနဲ့ဒိုင်ယာရီ့ကိုမေးငှော့ပြကာမည်သည့်အမေးမှမဆိုလာခဲ့။

ငါ့မိဖုရားWhere stories live. Discover now