𝐏𝐚𝐫𝐭.27

1.3K 158 22
                                    

  အပိုင်း(၂၇)
{လိုချင်တဲ့အရာ}

လွန်းနိုးနိုးချင်းရေချိုးခေါင်းလျှော်ပြီးအောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်၊အမေတို့ကဒီညPartyပွဲကိုခြံထဲမှာလုပ်မှာဖြစ်ပြီးအသိမိတ်ဆွေတစ်ချို့ကိုဖိတ်ကြားထားသည်၊အမေနဲ့အဖေရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ဖြစ်လို့ခြံထဲမှာပဲ Partyပွဲလေးကျင်းပပြီးကျော်ဖြတ်တာဖြစ်သည်၊ဒါကြောင့်မို့လွန်းနိုးလာတည်းကမြင်ရတွေ့ရတာတွေကရှုပ်ယှက်ခတ်နေပြီးအတော်လေးလည်းဆူညံနေသည်၊ညကျရင်ပွဲကစမှာမို့အခုတော့ပြင်ဆင်နေကြတယ်ထင်သည်။

"မမလွန်း ညကျရင်သမီးကိုအသားကင်ပိုကျွေးနော်"

လွန်းအနားကိုရောက်လာတဲ့အပြုံးကသွားကျိုးလေးပေါ်အောင်ရယ်၍မျက်နှာချိုသွေးလာတာမို့ပြုံးရင်းခေါင်းငြိမ့်ပြလိုက်သည်၊ခုံတွေစားပွဲတွေကိုလှလှပပနေရာချနေတဲ့အလုပ်သမားတွေလည်းရှိသလိုတစ်ချို့အလုပ်သမားတွေကတော့အစားအသောက်တွေကိုကြိုတင်ပြင်ဆင်နေကြသည်၊လူကြီးပိုင်းတွေဖြစ်တဲ့အပြင်‌အဖေဖြစ်သူရဲ့မိတ်ဆွေတွေကအသောက်အစားရှိကြတာမို့ဝိုင်၊ရှန်ပိန်နဲ့အရက်တို့ကိုစီစဉ်ပေးထားကြပြန်သည်၊မီးလုံးတွေကလည်းပန်းပင်တွေပေါ်ကအစတင်ထားကာညဆိုရင်ရောင်စုံလင်းပြီးအတော်လေးလှမှာသေချာသည်။

လွန်းခြံထဲကိုအတော်လိုက်ကြည့်ပြီးမှပျင်းလာတာမို့မိမိအခန်းဆီပြန်တက်လာလိုက်သည်၊အဖေနဲ့အမေကလည်းပွဲအတွက်လိုအပ်တာတွေဝယ်ဖို့မအားလပ်ကြတာမို့အိမ်မှာတောင်မကပ်၊လွန်းကလည်းဖြစ်ဖြစ်မြောက်မြောက်ဘာမှမလုပ်တတ်တာမို့အိမ်ပေါ်ကိုသာတက်လာလိုက်တာပင်၊အိမ်ထဲကနေရာတိုင်းမှာအလုပ်သမားတွေ Partyပွဲအတွက်လုပ်ကြကိုင်ကြနဲ့‌ဆိုတော့မျက်စိလည်းရှုပ်တာမို့လွန်းအပြင်ထွက်ရန်လုပ်လိုက်မိသည်၊တစ်ယောက်ထဲသွားဖို့ကကျတော့စိတ်မပါတာမို့သံဇဉ်ချို့ကိုအဖော်ခေါ်ဖို့အတွက်အပြုံးတို့အိမ်ဘက်ကိုကူးလာခဲ့လိုက်သည်။

လွန်းခြံထဲဝင်သွားတော့သံဇဉ်ချိုကလမ်းလျှောက်နေပြီးဘေးမှာတော့အမရာကစကားတွေပြောရင်းလျှောက်လိုက်နေသည်၊သံဇဉ်ချိုကအလိုမကျသလောက်အမရာကတော့သံဇဉ်ချို့အပေါ်အတော်လေးသံယောဇဉ်ရှိပုံပေါ်သည်၊လွန်းထိုနားက်ိုလျှောက်သွားလိုက်တော့မှသံဇဉ်ချိုကကယ်တင်ရှင်ကြီးတွေ့လိုက်ရသလိုလွန်းဆီကိုအပြေးလာနေသည်။

ငါ့မိဖုရားWhere stories live. Discover now