𝐏𝐚𝐫𝐭.2

1.7K 207 14
                                    

                          အပိုင်း(၂)
                  {ဂွကျတဲ့ဇာတ်လိုက်မ}

[Host ဇာတ်လိုက်မကနီးလာပါပြီ အော်ငိုနေတာကိုရပ်လိုက်ပါတော့]

"အီး ငါ့ကိုအိမ်ပြန်ပို့ပေးလို့ ငါဒီမှာမနေချင်တော့ဘူး"

[အခုတော့ပါးစပ်ကိုအရင်ပိတ်လိုက်ပါတော့Host ဇာတ်လိုက်မဒိုင်ယာရီကြားသွားလို့မဖြစ်လို့ပါ စကားနားမထောင်ရင်တော့Hostကိုကျွန်တော်အပြစ်ပေးရပါလိမ့်မယ်]

ထိုတော့မှလွန်းကမျက်ရည်တို့ကိုဆွဲသုပ်ပြီးပါးစပ်လေးကိုလက်နဲ့အုပ်ထားလိုက်လေသည်၊ခဏကြာတော့ဇာတ်လိုက်မကလွန်းတို့ရှိနေတဲ့ချယ်ရီပင်နားကနေဖြတ်လျှောက်သွားတော့သည်၊လွန်းရဲ့ဝိညာဉ်‌အစိတ်အပိုင်းတွေတောင်ဇာတ်လိုက်မခြေထောက်အောက်ပါသွားသလားမှတ်ရလောက်အောင်လွန်းမှာကြောက်လန့်နေသည်၊ချယ်ရီပင်တွေနဲ့ကွယ်နေတာမို့ဇာတ်လိုက်မဒိုင်ယာရီကတော့လွန်းကိုသတိထားမိမသွားပေ။

"ငါဇာတ်လိုက်မကိုလျှော့တွက်မိလိုက်တာပဲ ပြီးတော့စာရေးဆရာမကိုရောပဲ"

[ဘာဖြစ်လို့လည်းHost]

"ဇာတ်လိုက်မင်းသမီးဆိုတော့ငါကနုနုရွရွလေးလို့ထင်လိုက်တာ အေးလေ အဲ့လိုနူးညံ့သိမ်မွေ့နေရင်ဘယ်လိုလုပ်ပြီးဘုရင်မဖြစ်လာမလည်းနော်"

လွန်းတစ်ယောက်မိမိနေထိုင်ရမဲ့အိမ်တော်ကိုသာပြန်လာလိုက်သည်၊လွန်းရဲ့လောကကြီးကိုစိတ်ကုန်နေတဲ့မျက်နှာကိုအိမ်တော်ထဲကအစေခံတစ်ချို့မှာမဝံ့မရဲအကဲခတ်နေကြသည်၊ပေါ်တင်လည်းမကြည့်ရဲကြပေ၊ဘာလို့ဆိုလွန်းရထားတဲ့ကြည်နူးရိပ်ဇာတ်ကောင်ကမောက်မာပြီးရိုင်းစိုင်းသည်လေ၊စိတ်မထင်ရင်မထင်သလိုအစေခံတွေကိုရိုက်နှက်တာတွေရှိတာမို့ကြည်နူးရိပ်ကိုအစေခံတွေကကြောက်ကြရသည်။

လွန်းကတော့မိမိအခန်းဆောင်လေးထဲကိုခြေကုန်‌လက်ပန်းကျတဲ့ပုံစံနဲ့တစ်လှမ်းချင်းလျှောက်လာပြီးကုတင်ပေါ်ပစ်လှဲလိုက်လေသည်၊လွန်းဘဝတော့တကယ်ကံဆိုးမိုးမှောင်ကျလေပြီဖြစ်သည်။

[စိတ်ဓာတ်မကျပါနဲ့Host ကျွန်တော်တို့ကြိုးစားကြည့်လို့ရပါတယ် အရင်ဆုံးကျွန်တော်တို့ဇာတ်ကြောင်းကိုဆွေးနွေးကြမလား Hostကဒီဝတ္ထုရဲ့ဇာတ်အိမ်ကိုသေချာမသိသေးဘူးဆိုတော့သိသွားအောင်အရင်လုပ်ရပါမယ်]

ငါ့မိဖုရားWhere stories live. Discover now