𝐏𝐚𝐫𝐭.9

1.1K 170 16
                                    

   အပိုင်း(၉)
{ဇာတ်လိုက်မကိုမြူဆွယ်ပါ}

ဒိုင်ယာရီဒဏ်ရာအရှိန်ကြောင့်မှေးကနဲအိပ်ပျော်သွားပြီးဘေးနားကလှုပ်လှုပ်ရွရွဖြစ်နေမှုကြောင့်နိုးလာခဲ့သည်၊မျက်လုံးတို့ကိုဖွင့်ကာဘေးကိုစောင်းငဲ့ကြည့်လိုက်တော့ဒိုင်ယာရီ့ပုခုံးကိုမှီပြီးအိပ်ပျော်နေတဲ့မိန်းကလေးကိုမြင်လိုက်ရတာမို့မျက်ခုံးတို့ကိုစုကျုံ့လိုက်မိသည်၊နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့သူကိုတစ်ချက်သာကြည့်ပြီးဒိုင်ယာရီ့ပုခုံးပေါ်ကလွန်းရဲ့ခေါင်းကိုဆောင့်တွန်းလိုက်သည်၊လွန်းမှာဆောင့်တွန်းခံလိုက်ရ၍လန့်နိုးလာပြီးမျက်လုံးလေးတွေကိုပွတ်နေလေသည်၊ပြီးမှအိပ်ချင်မူးတူးလေးနဲ့ဒိုင်ယာရီ့လက်မောင်းကဒဏ်ရာကိုခပ်ဖွဖွလာထိသည်။

"အနာမရင်းတော့လို့တော်ပါသေးရဲ့"

အခုမှနိုးနိုးကြားကြားရှိတဲ့လွန်းကသူ့ဘာသာလန့်နိုးလာတယ်ပဲထင်နေတာဖြစ်သည်၊တကယ်ကဒိုင်ယာရီဆောင့်တွန်းလိုက်လို့ဆိုတာကိုမသိ၊ဘေးမှာချထားတဲ့ဆေးဗူးလေးကိုပြန်ယူပြီးဒဏ်ရာကိုဆေးလိမ်းပေးရန်ပြင်နေတဲ့လွန်းရဲ့လက်လေးကိုဒိုင်ယာရီကဖမ်းဆုပ်လိုက်သည်။

"အာ့!"

အခုမှဒိုင်ယာရီနိုးနေမှန်းသိတဲ့လွန်းကတအံ့တဩလေးဖြစ်သွားပြီးမျက်တောင်လေးကပုတ်ခတ်ပုတ်ခတ်၊

"နိုးနေတာလား ဘယ်လိုလည်းဒဏ်ရာတွေကကိုက်သေးလား"

လွန်းကသွက်လက်စွာပင်ဒိုင်ယာရီ့ရဲ့နဖူးကိုကိုယ်ပူစမ်းကြည့်သည်၊ဒိုင်ယာရီ့ကိုယ်မှာတောင့်ကနဲဖြစ်သွားပြီးလွန်းရဲ့လက်ကိုအားနဲ့ဖိဆုပ်လာသည်။

"အာ့ နာတယ်"

သူ့အားကြီးနဲ့လက်ကောက်ဝတ်လေးကိုဖိဆုပ်ထားတာမို့လွန်းမှာအင်မတန်နာကျင်နေရသည်၊နောက်တော့ဒိုင်ယာရီကလွန်းရဲ့လက်ကိုလွှတ်ပေးပြီးအဝေးကိုရွေ့ထိုင်သွားသည်။

"အပိုတွေမလုပ်နဲ့ ဒီဒဏ်ရာတွေလောက်နဲ့မသေနိုင်ဘူး"

"အခုတော့မသေနိုင်တော့ဘူးပေါ့ ညတုန်းကတော့သေမလိုဖြစ်နေပြီး"

ငါ့မိဖုရားWhere stories live. Discover now