လင်းမူက အတောအလေးအားကိုးရသည်။ ခဏအကြာတွင် သူ့အတွက် အစီအစဉ်များကို အသစ်ပြန်လုပ်ပေးလိုက်သည်။

ဝမ်မင်ယီလာမည်ဟုသိ၍ ပရိုဂရမ်အဖွဲ့က အပျော်ကြီးပျော်နေပြီး စိတ်လှုပ်ရှားလွန်း၍ အိပ်မရဖြစ်ကာ စာချုပ်ကိုအသေအချာပြင်ပေးလေသည်။ ချန်းလုက ဝမ်မင်ယီရပိုင်ခွင့်အတွက် အချက်အလက်အချို့ထည့်ပြီးမှ လက်မှတ်ထိုးပေးလိုက်သည်။

နောက်တစ်နေ့တွင် ပရိုဂရမ်က တရားဝင်ဖွင့်လေပြီ။ ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်တို့က ခရီးဆောင်အိတ်ကိုထုတ်ပိုးပြီး လေဆိပ်ကို အတူတူသွားကြလေသည်။ သူတို့ လေဆိပ်ထဲဝင်သည်နှင့် ပရိတ်သတ်များစွာက ဝိုင်းအုံလာခဲ့သည်။ စစ်ကျွင်းတောက်က ဝမ်မင်ယီရှေ့ကို ချက်ချင်းထွက်ရပ်လိုက်ပြီး တစ်လမ်းလုံးကာကွယ်ပေးသွားခဲ့သည်။

သူတို့ထွက်သွားပြီးမှ ပရိတ်သတ်များက ပြန်လည်တုံ့ပြန်လာနိုင်သည်။

"ငါ့တိတိလေးဘေးနားကဘယ်သူလဲ... ဘော်ဒီဂတ်လား... အခုခေတ်ဘော်ဒီဂတ်တွေက ဒီလောက်ချောနေကြပြီလား...."

"ငါတော့ ဘော်ဒီဂတ်လို့မထင်ဘူး.... ရင်းနှီးနေသလိုခံစားရပေမဲ့ မမှတ်မိဘူးဖြစ်နေတာ....'

"ငါ့တိတိရဲ့ ကောကောလို့ခံစားနေရတယ်နော်..."

"ဟမ်..."

"အဲ့တာ ငါတို့တိတိလေးခွေးကိုကယ်ပေးချိန် သူ့ဘေးမှာရှိနေတဲ့ ကောကောမလား..."

သူမပြောလိုက်သည်နှင့် လူတိုင်းက မှတ်မိသွားကြသည်
"ဟုတ်တယ်သူပဲ... ဒါကြောင့်ရင်းနှီးနေတာကိုး...."

"ငါ့တိတိလေးကချောလိုက်တာနော်... သူ့ကောကောကလည်းချောချက်ပဲ....."

လူတိုင်းက စစ်ကျွင်းတောက်အကြောင်း စိတ်ဝင်တစားပြောနေကြသည်။

"ဒီတော့ ငါ့တိတိလေးကဒီတစ်ခေါက်ဘာသွားလုပ်တာလဲ... သူ့ကောကောကိုရော ဘာလို့ခေါ်သွားတာလဲ...."

ပရိတ်သတ်များက အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်လေသံတည်းထွက်လာသည်မှာ "ငါလည်းမသိဘူးလေ....." ဟုသတည်း။

.....

ကျန်းဖုန်းနှင့် စုန့်ဟယ်တို့ကအစောကြီးကတည်းက ရိုက်ကူးရေးစနေပြီဖြစ်ပြီး ပရိုဂရမ်အဖွဲ့နှင့်အတူ ဝမ်မင်ယီကိုစောင့်နေကြသည်။

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Unde poveștirile trăiesc. Descoperă acum