“ပျော်ရွှင်ဖွယ်ချစ်သူများနေ့ပါ”

ချူချန်ကလည်း သူ့နဖူးလေးကို ပြန်နမ်းကာ တယုတယဖြင့်-

“ပျော်ရွှင်ဖွယ်ချစ်သူများနေ့ပါဗျာ” ဟုပြန်ပြောလာလေသည်။

နှစ်ယောက်သားမအိပ်ခင်  ချိုမြိန်ဖွယ်လေထုလေးအား တစ်ဖန် ဖန်တီးခဲ့ကြသေး၏။

ဒုတိယမြောက်နေ့တွင် ကျိချင်းကျိုးနဲ့ချူချန်က ရေခဲစကိတ်စီးခဲ့ကြပြီး နေ့လည်မှသာ ပြန်ဖို့ပြင်ဆင်ကြသည်။

ကျိချင်းကျိုးက ဥယျာဉ်ထဲမှ ပန်းတွေကိုကြည့်ကာ-

“ဒီပန်းတွေကျ ဘယ်လိုလုပ်တော့မလဲ?”

“ဒီမှာပဲထားရမှာပေါ့။ဒါပေမယ့် ဂရုစိုက်ပေးမယ့်လူရှိတာမို့ ပူစရာတော့မလိုပါဘူး”

ကျိချင်းကျိုးကတော့ တွန့်ဆုတ်ဆုတ်ဖြစ်နေကာ ရှေ့မှ နှင်းဆီပန်းတွေအား ဓာတ်ပုံနည်းနည်းလောက်ရိုက်ယူလိုက်ပြီး Weiboမှာ ပို့စ်တင်ချင်သော်ငြား ရှုပ်ကုန်မှာစိုး၍ သူငယ်ချင်းဂရုထဲမှာသာ တင်လိုက်သည်။

[ချစ်သူများနေ့မှာ ပျော်ရွှင်ကြပါစေ]

ထိုနေရာမှ မပြန်ခင်လေး ကျိချင်းကျိုးက ချူချန်အား လက်ကြယ်သီးလေး လက်ဆောင်ပေးလိုက်သည်။အစကတော့ နာရီဝယ်ပေးချင်တာဖြစ်ပေမယ့် ချူချန်က နာရီတွေဝတ်လေ့ဝတ်ထမရှိသလို တစ်ခြားလက်ဝတ်တန်ဆာ တွေဝတ်ရတာလည်း မကြိုက်သဖြင့် လက်ကြယ်သီးပဲ ဝယ်ပေးလိုက်တာဖြစ်သည်။ချူချန်က လက်ဆောင်အား နှစ်ခြိုက်စွာဖြင့် ယူကာ သူ့ကို တစ်ချက်နမ်းလာသည်။

နောက်တစ်ခါကျရင်တော့ စုံတွဲလက်စွပ်တန်းဝယ်ပြီး ချူချန်ကို ပေးလို့ရရင်ကောင်းမည်။အကယ်၍ ချူချန် လက်ထပ်ခွင့်တောင်းလာပါက လက်စွပ်လေးပြင်ထားသင့်သည်မလား။ဒါပေမယ့် ဖန်တရာထပ်နေသလိုကြီးများဖြစ်နေမလား? သူခဏတော့ ချီတုံချတုံဖြစ်နေပေမယ့် အချိန်ကျမှ ဖွင့်ပြောမယ်ဟုသာ ဆုံးဖြတ်လိုက်တော့သည်။

ချစ်သူများနေ့ပြီး သိပ်မကြာလိုက် နှစ်သစ်ကူးပွဲတော်ရောက်လာသည်။ဒီနှစ်တွင်း ဆေးရုံဆင်းလို့ရပြီဖြစ်ကြောင်းဝမ်ဖန်းအား ဆရာဝန်က အတည်ပြုပေးလိုက်သည်။ထို့ကြောင့် ကျိချင်းကျိုးသည် ကြိုတင်အိမ်ငှားထားပြီး သန့်ရှင်းရေးလုပ်ထားလိုက်သည်။ယင်းနျန်လည်း အားနေသဖြင့် သူနဲ့လာကူပေးကာ နှစ်ကူးလက်ဆောင်တွေဝယ်ဖြစ်ကြသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now