ကျိချင်းကျိုး ခေါင်းမော့၍ ချူချန်ထံ အကြည့်ပို့လိုက်သည်။သူ ချူချန်ကို မပြောခဲ့ရင် ချူချန်လည်း လုံးလုံး သိလိမ့်မည်မဟုတ်ပါ။တကယ်တော့ ထိုစကားသုံးလုံးအား ချူချန်ကို သူဖွင့်ပြောပြီးသားဖြစ်သည်။ချူချန်မွေးနေ့က သူ မူးပြီး ချူချန်ကျောပေါ်မှာ ရှိ‌စဉ်က ချူချန်ရဲ့ဇက်ပိုးပေါ်မှာ ထိုစကားလုံးသုံးလုံးကို ရေးခဲ့သည်။ထိုစကားလုံးများအား စုတ်ချက်မှန်အတိုင်းရေးဆွဲခဲ့ချင်းမဟုတ်ဘဲ တမင် ရှုပ်ယှက်‌ခတ်အောင် ဆွဲခဲ့၍သာ ချူချန်ကမခန့်မှန်းမိခြင်း။သူရေးခဲ့တာကတော့- ကျွန်တော် ခင်ဗျားကို ချစ်တယ် - ဟူ၍ပင်။

သူမူးနေစဉ်တစ်လျှောက်လုံး ပါးစပ်ကထုတ်မပြောမိစေရန်ချုပ်တည်းခဲ့သည်။ထိုစကားသုံးလုံးအား စုတ်ချက်ဖြင့်သာ ဆွဲပြခဲ့ပြီး သူ့ကို မြဲမြံစွာချီပိုးထားသည့် လူသားကိုသာ ပိုတိုးဖက်လိုက်၏။ချူချန်ကျောပေါ်မှာမှီအိပ်ရင်း မျက်စိတစ်ဆုံးရှိလမ်းမကျယ်ကြီးအား ကြည့်ကာ သူတို့ ထာဝရ လက်တွဲနိုင်ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲဟု တွေးခဲ့ဖူးသည်။

ပရမ်းပတာနိုင်စွာ သူ့နှလုံးသားအလိုကို လိုက်ပြီး အိမ်ပြန်သည့်လမ်းတစ်လျှောက်လုံး ချူချန်ကိုပဲ ချီခိုင်းခဲ့သည်။တစ်လမ်းလုံး ချူချန်ကိုကြည့်ရင်း လက်ကျန်အသိစိတ်လေးကို ထိန်းနိုင်ရန်ကြိုးစားကာ ကျောက်စိမ်းဆွဲကြိုးလေးအား ထုတ်ပေးလိုက်၏။

တကယ်တော့ သူချူချန်ကို ပြောချင်သည်။

“ကျွန်တော် ခင်ဗျားကို ပိုင်တယ်။တံတိုင်းခတ်ထားခံရတဲ့ ဇီးသီးစိမ်းလိုပဲ ကျွန်တော်က တံတိုင်းထဲက ဇီးသီးစိမ်းလုပ်မယ်။ဘယ်တော့မှ ခြံပြင်ထွက်မှာမဟုတ်ဘူး။အဲ့ဒါကြောင့် ခင်ဗျားကို ကျွန်တော်ပိုင်တယ်”

အဆုံးသတ်တော့လည်း အဲ့စကားသုံးလုံးကို သူမပြောနိုင်ခဲ့ပါဘူး။

ကံကောင်းချင်တော့ အခုဆို သူတို့က တစ်ယောက်ကို တစ်ယောက် ပိုင်သွားကြပြီလေ။

သူ ချူချန်ဘက် ကိုယ်ယိမ်း၍ ချူချန်လည်ပင်းပေါ်မှ ကျောက်စိမ်းဆွဲကြိုးအား နမ်းလိုက်ကာ ပြုံးနေသည့် ချူချန်ကို ကြည့်၍-

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now