{Unicode}
"တခြား မင်းလိုအပ်တာ ရှိသေးလား?"
"အင်း... လုခ်ရော..."
နယ်စားကရစ်ခ်ရဲ့ ဆက်ခံသူမို့ သူ သိပ်အလုပ်များနေမလား?
"သူ့ကို ကိုယ်ရံတော်အနေနဲ့ ခန့်ဖို့က မဖြစ်နိုင်ဘူးမလား?"
"မပြောတတ်ဘူး၊ နန်းတွင်း ကိုယ်ရံတော်မှုးကတော့ နားလည်ပေးမယ်ထင်တယ်၊ ကိုယ့်ရဲ့ ကိုယ်ရံတော်မဟုတ်ပဲ ဧကရီရဲ့ ကိုယ်ရံတော် သက်တော်စောင့်အနေနဲ့ ခန့်တာမျိုးလေ၊ ကိုယ်တော့ သူ သဘောကျမယ်လို့ ထင်တယ်"
မယ်ဒီရာနဲ့ ပတ်သက်သမျှ ကိစ္စတိုင်းအတွက် ထူးထူးဆန်းဆန်း စိတ်အားထက်သန်လေ့ရှိတဲ့ လုခ်အကြောင်းတွေးကာ လိုင်လ်ဆိုလိုက်သည်။ သူမအပေါ် လုခ် ဘယ်လောက်ပဲ စကားနားထောင်နားထောင် သူမအတိတ်မမေ့ခင်က မယ်ဒီရာက သူ့ကို ရှောင်လေ့ရှိသည်။
"မင်းကြည့်ရတာ လုံခြုံရေးကို ပိုဂရုစိုက်နေတဲ့ပုံပဲ၊ စိတ်မချတာ တခုခုများ ရှိနေတာလား?"
နန်းတော်ထဲ ယူဆောင်လာတဲ့ လက်ဆောင်တွေထဲ အဆိပ်နဲ့ ကျိန်စာတွေ ပါလာသည်ဆိုသည့်သတင်းကို သူမဆီ မရောက်စေရန် သူ အမိန့်ထုတ်ထားသည်။ ထို့ကြောင့်ပင် သူ့ဆီဦးတည်လာတဲ့ ရန်စွယ်တွေရဲ့ သက်ရောက်မှုကို မယ်ဒီရာ နားမလည်ပေ။
"ဟင့်အင်း၊ ကိုယ်ဝန်ရှိလို့ ပိုစိတ်ပူလာတယ်ထင်တယ်၊ နေသားမကျသလိုဖြစ်ပြီး စိတ်ပူနေတာ..."
"တကယ်လား?"
"ခံစားချက်က ပေါ်လိုက်ပျောက်လိုက်ပဲ"
ထိုစကားကိုဆိုရင်း မယ်ဒီရာ သူ့ဘက်လှည့်လိုက်သည်။ သူမဘေး သူလှဲနေရင်း သူ့ရင်ခွင်ထဲ တိုးဝင်လာတဲ့ သူမကြောင့် နှုတ်ခမ်းဖျားပေါ် အပြုံးခိုတွဲလာသည်။ ဒီအပြုံးကို မြင်တွေ့သူတိုင်းကို ကြွေဆင်းစေနိုင်သော အပြုံးဖြစ်သည်။
".... အရှင့်ရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်"
"ကိုယ်မင်းအတွက် တွေးပေးတာက ပုံမှန်ပဲလေ၊ ကျေးဇူးတင်စရာ မလိုပါဘူး ကိုယ့်ဧကရီရဲ့"
သူမကို နမ်းရင်း လိုင်လ် ဖွဖွဆိုသည်။
***
ဧကရာဇ်နဲ့အတူ နေ့လည်ခင်းကို သက်တောင့်သက်သာ ဖြစ်သန်းပြီးတဲ့နောက် လုခ်က တွေ့ခွင့်တောင်းလာကြောင်း အပျိုတော်တွေက အစီရင်ခံလာသည်။ နယ်စားအိမ်တော်ဆီ စာချွန်ပို့တဲ့နေ့နဲ့ တနေ့ထဲဖြစ်တာမို့ စီရီရာ သူမသက်တော်စောင့်ဖြစ်လာမဲ့အရေးနဲ့ ပတ်သက်မည်မှန်း သူမခန့်မှန်းမိလိုက်သည်။
YOU ARE READING
Your Majesty is annoying (Myanmar Translation)
RomanceI am not the original publisher of the story. This is just a fan translation.