အပိုင်း (၄၃)

4.5K 257 9
                                    

{Unicode}

သူမ နောက်ကျတဲ့ထိ အိပ်ပျော်သွားခြင်းပင်။

မျက်လုံးတွေ ဖွင့်ရင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ တွေးလိုက်သည်။

[အိပ်ရာအသစ်နဲ့ အိပ်ခန်းအသစ်... ဒီခန္ဓာကိုယ်ထဲ ငါ ရောက်လာတာ တလပင်မပြည့်သေး...]

သူမကြည့်ရတာ လိုက်လျောညီထွေ နေနိုင်စွမ်းအားကောင်းပုံပင်။ ရက်အနည်းငယ်အတွင်းမှာပင် ဘုရင်မနန်းဆောင်ကို သူမအိပ်ဆောင်လို သဘောထားလာသည်။

မယ်ဒီရာ အိပ်ရာက ထကာ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ သူမ မျှော်လင့်ထားသလိုမျိုး လိုင်လ့်ကို မတွေ့ရပေ။ သူ သူ(မ)နဲ့ အတူနေတိုင်း အစည်းအဝေးနောက်ကျလေ့ရှိပေမဲ့ ဒီတခေါက်တော့ တာဝန်ကို အချိန်မှန်ယူနေပြီ ထင်သည်။

"ဗိုက်ဆာလိုက်တာ..."

သူမ ဒီအခန်းနဲ့ မရင်းနှီသဖြင့် ဘယ်ချိန်ရှိနေပြီမှန်း မှန်းမရပေ။

သူမအရင် အိပ်ဆောင်မှာဆိုရင်တော့ အခန်းထဲ အလင်းဝင်တာကို ကြည့်ပြီး မနက်လား နေ့ခင်းလား ခန့်မှန်းနိုင်သည်။

မယ်ဒီရာလှည့်ပတ်ကြည့်ရင်း အစေခံတွေကို ခေါ်ဖို့ ကြိုးကို ရှာတွေ့သွားသည်။ ဒီနေရာက ပင်မဆောင်ဖြစ်ပြီး လိုင်လ့်အိပ်ဆောင်ဖြစ်တာမို့ သူစိမ်းတစ်ယောက်ဝင်လာမည်ထင်ထားပေမဲ့ ဝင်လာသူက သူမကို ခစားနေကျ အပျိုတော်ထိန်းပင်။

"ဝင်လာခဲ့"

မယ်ဒီရာ စောင်ကို ဆွဲယူကာ သူမခန္ဓာကိုယ်ကို ဖုံးလိုက်ချိန်မှာပဲ တံခါးပွင့်သွားပြီး အစေခံတွေ ဝင်လာကြသည်။

အစေခံတွေက မယ်ဒီရာ သတိထားမိမည်စိုးသဖြင့် အခန်းအခြေအနေကို စောင်းပါရိပ်ခြည်သာ ကြည့်လိုက်ကြသည်။

"ရေချိုးဆောင် အရင်ဝင်မလား။ မနက်စာ စားမလား အရှင်မ"

"ငါ ရေအရင်ချိုးမယ်"

မယ်ဒီရာက ကုတင်အစွန်းနားကို ပင်ပန်းနေတဲ့မျက်နှာနဲ့ တိုးလိုက်ပြီး အစေခံတွေ အကျီဝတ်ပေးတာကို ခံလိုက်သည်။ သူမ သမ်းဝေလိုက်ပြီး သူတို့ ခေါ်ရာနောက်လိုက်သွားလိုက်သည်။

Your Majesty is annoying (Myanmar Translation)Où les histoires vivent. Découvrez maintenant