အပိုင်း (၆၄)

3.2K 187 3
                                    

{Unicode}

"အို၊ ခဏလေး"

သူမရဲ့ နောက်ဆုတ်သွားတဲ့ ခန္ဓာကိုယ်က နံရံနဲ့ ကျောကပ်သွားသည်။ သူမနောက်လှည့်ကြည့်လိုက်ပေမဲ့ နောက်ကျသွားလပြီ။ လိုင်လ် မယ်ဒီရာ့ကို သူ့လက်မောင်းတွေကြားထဲ ချောင်ပိတ်လိုက်ပြီး သူမ မျက်ဝန်းတွေထဲ စိုက်ကြည့်လိုက်သည်။ သူမရဲ့ နီရဲနေတဲ့ ပါးမို့မို့တွေက ချစ်ဖွယ်ဖြစ်ကာ စားချင်စရာဖြစ်သည်။

"ဒီကိုကြည့် မီလီ"

မျက်လုံးချင်းဆုံရမှာ ရှက်နေဟန် ခေါင်းငုံနေတဲ့ မယ်ဒီရာက ချစ်ဖို့ ကောင်းလှသည်။ သူမမေးဖျားကို မော့ယူပြီး ပါးပြင်ကို သူနမ်းလိုက်ချိန်မှာတော့ မယ်ဒီရာ့မျက်ဝန်းများက တင်းတင်းစေ့ပိတ်ထားကြသည်။

အင်းလေ၊ ဒီလို ဖိတ်ခေါ်မှုမျိုးကို ငြင်းလို့ ဘယ်ကောင်းမလဲ?

နံရံနဲ့ သူ့လက်ကြားထဲ မယ်ဒီရာ လူးလွန့်လာတာကို လိုင်လ် ခံစားရပြီးနောက် သူမနှုတ်ခမ်းလွှာကို တချက်ကိုက်လိုက်သည်။

"ဟမ်း...ဟင်"

သူ သူမကိုယ်ကို အဝတ်တွေပေါ်က ထိတွေ့လိုက်ပြီး သူမရဲ့ ချိုမြိန်တဲ့ လျှာဖျားကို ရစ်ပတ်စုပ်ယူလိုက်သည်။ လိုင်လ် မယ်ဒီရာ့ခံတွင်းထဲ နစ်ဝင်ဖိနမ်းလိုက်ကာ မယ်ဒီရာ့တံတွေးများနဲ့ ရစ်ပတ်နှောင်ဖွဲ့လိုက်သည်။ နူးညံ့တဲ့ ပျော့ကွက်လေးကို လျှာနဲ့ လျက်ကာ မြည်းစမ်းလိုက်တော့ အသံခပ်တိုးတိုးထွက်လာဟန်က လိုင်လ့်အာရုံကြောတွေကို လှုံ့ဆော်နေသလိုပင်။

"မီလီ... မင်း ခွင့်မပြုမချင်း ကိုယ်မလွှတ်ပေးဘူး"

သူခပ်တိုးတိုးဆိုရင်း မကျေမချမ်း ဆိုလိုက်သေးသည်။

ဒီရက်တွေအတွင်း လိုင်လ့် နေ့လည်ခင်းအချိန်ဇယားကား နိုင်ငံ့အရေးဖြေရှင်းပြီးသည်နှင့် သူ့နန်းဆောင်ပြန်ကာ မယ်ဒီရာနဲ့ အချိန်ဖြုန်းခြင်းဖြစ်သည်။

သူ သူမကို ထိတွေ့ဖို့ ကြိုးစားလိုက်တိုင်း ရှောင်ဖယ်လေ့ရှိပေမဲ့ လိုင်လ့်ကို နမ်းဖို့ကိုတော့ ဘယ်တော့မှ မငြင်းပေ။ လိုင်လ် သူမပျော့ကွက်ကို အသုံးချရင်း လွန်ခဲ့တဲ့ရက်အတော်များများကို သူ့အနမ်းကို လက်နက်လို အသုံးချကာ သူလိုရာကို ပြီးမြောက်အောင် ကြိုးပမ်းလေ့ရှိသည်။

Your Majesty is annoying (Myanmar Translation)Hikayelerin yaşadığı yer. Şimdi keşfedin