{Unicode}
ညအချိန်ကား ရောက်လာလေပြီ။
နိုင်ငံ့အရေးစီမံနေရင်း ညရောက်ဖို့ မျှော်နေတဲ့လိုင်လ်က နေဝင်တာနဲ့ တပြိုင်နက် မူးမတ်တွေကို ထားခဲပြီး သူ့ နန်းဆောင်ဆီ ဦးတည်လိုက်သည်။
သူ့နန်းဆောင်ဆီ ပြန်ရာ လမ်းတလျှောက်မှာတောင် လိုင်လ် တွေးသမျှက မယ်ဒီရာ့ကို ဘယ်လို သွေးဆောင်ဖြားယောင်းပြီး ဖက်ထားမလဲဆိုတာကိုပင်။
သူပြန်ရောက်တဲ့အခါမှ ညစာကို မယ်ဒီရာနဲ့ အတူ စားမည်ဖြစ်သည်။ နေ့အစောပိုင်းတုန်းက မယ်ဒီရာကို အိပ်ဆောင်ထဲ ဆွဲသွင်းကာ စောစောနားဖို့ သူကြံလိုက်သေးသည်။ သို့သော် လုပ်စရာကိစ္စနှစ်ခု သုံးခု အဆုံးသတ်ဖို့ ရှိတာမို့ ဘုရင့်ရုံးခန်းဆီ မဖြစ်မနေပြန်သွားရလေသည်။
[သူဘယ်လိုမှ မတတ်နိုင်သော ကိစ္စပင်]
နန်းဆောင်ထဲ မဝင်ခင် ခန်းဆောင်တခုထဲ ဝင်ကာ ရေချိုးသန့်စင်လိုက်သေးသည်။ ပေါးပါးတဲ့ ဝတ်ရုံဝတ်ဆင်ကာ နန်းဆောင်ထဲ သူဝင်လာတဲ့အချိန်မှာတော့ ဆိုဖာပေါ် ထိုင်နေတဲ့ မယ်ဒီရာ ခပ်မြန်မြန်ထလိုက်သည်။ သူမသည်လည်း အတွင်းက ကိုယ်ကြပ်အကျီမပါပဲ ပေါ့ပေါ့ပါးပါးဝတ်ရုံကိုသာ ဝတ်ဆင်ထားလေသည်။
လိုင်လ် သူမကို ချက်ချင်း ခေါ်ဆောင်သွားစေချင်တဲ့ စိတ်ဖြစ်နေတာမို့ လိုင်လ်နဲ့ မျက်လုံးချင်းဆုံမိလိုက်တာက သူမမျက်နှာကို နီရဲသွားစေသည်။
"...ထွက်သွား"
သူမ အမိန့်ပေးလိုက်တာနဲ့ အစေခံတွေအားလုံး ဘုရင့်နန်းဆောင်ထဲက တိတ်တဆိတ်ထွက်ခွါသွားကြသည်။
ထောက်..။
သူတို့နှစ်ယောက်လုံး တိတ်ဆိတ်နေတာမို့ ခန်းဆောင်တံခါးက ဖြည်းဖြည်းလေးပိတ်သွားတာတောင် တံခါးပိတ်သံကို ပြတ်ပြတ်သား ကြားလိုက်ရသည်။
လိုင်လ် သူ့ဝတ်ရုံစကို ကိုင်ရင်း မယ်ဒီရာ့နား တိုးကပ်လာသည်။
"မီလီ... ဒီကိုလာ"
သူ့လက်တွေ ဆန့်တန်းရင်း ဆိုလိုက်တာနဲ့ မယ်ဒီရာ့ခေါင်းငုံ့သွားကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားသည်။ သူမဆီ ဦးတည်လျှောက်သွားရင်း ရင်ခွသ်ထဲ ဆွဲသွင်းချိန်ထိ လိုင်လ် ရယ်ချင်စိတ်ကို မျိုသိပ်ထားရလေသည်။
![](https://img.wattpad.com/cover/315850108-288-k324459.jpg)
YOU ARE READING
Your Majesty is annoying (Myanmar Translation)
RomanceI am not the original publisher of the story. This is just a fan translation.