အပိုင်း (၅၅)

4.7K 216 6
                                    

{Unicode}

ချစ်စရာကောင်းတဲ့ နေ့ရက်နဲ့ ချိုမြိန်တဲ့ ညခင်းကို ဖြတ်သန်းခဲ့တာမို့ မယ်ဒီရာ သူ့လက်မောင်းတွေထဲ တိုးဝင်လာမယ်လို့ လိုင်လ် ထင်ခဲ့ပေမဲ့ သူမရဲ့ တုံ့ပြန်မှုက ကွဲပြားခြားနားလွန်းလှသည်။

"အနားမကပ်နဲ့၊ ၁မီတာ အကွာမှာနေ!"

"ဘာ?"

သူမ မျက်လုံးဖွင့်လိုက်တာနဲ့ ကိုယ်လက်သန့်စင်ဖို့ ရေချိုးဆောင်ထဲ ပြေးဝင်ပြီး လိုင်လ် ဘာမှ မလုပ်နိုင်အောင် အစေခံတွေကိုပါ လှမ်းခေါ်လိုက်သေးသည်။ အပျိုတော်တွေ ခစားမှုနဲ့ အတူ သူမလည်ပင်းထိလုံတဲ့ ရှေးရိုးဂါဝန်ကို ဝတ်ဆင်ထားပြီး သူ့ကို ခပ်ဝေးဝေးနေဖို့ လက်ဟန်ပင် ပြလိုက်သေးသည်။

စိတ်ကြွဆေးရဲ့ အကျိုးသက်ရောက်မှုအောက်ရှိနေသေးတဲ့ လိုင်လ့်အတွက်ကတော့ ရူးမလို ဖြစ်နေပေမဲ့ ဘာမှလဲ မလုပ်နိုင်ပေ။

[ဆေးက အစွမ်းပြတာတော့ သေချာပါတယ်]

ငါများ အမြင်မှားလို့လား?

မနေ့ညက လိုင်လ့်ခန္ဓာကိုယ်အောက်က မယ်ဒီရာက စိတ်လှုပ်ရှားလွန်းလို့ အနည်းဆုံး လေးကြိမ်လောက်ထိ စိတ်လွတ်သွားသေးတာမလား?

သူ့လည်ပင်းမှာ တွဲလွဲခိုပြီး သာယာမှုမှာ မူးဝေနေတဲ့ သူမအော်ဟစ်ညည်းညူပုံက ဘယ်လောက်တောင်များ ချစ်စရာကောင်းလိုက်သလဲ? လိုင်လ် ဒီမြင်ကွင်းကို ပြန်တွေးရုံနဲ့တင် ငါးနာရီလောက် မရပ်မနား ပြီးဆုံးနိုင်သေးသည်။

"ဘာပေါက်တက်ကရလဲ! မီလီ မင်းအခုချက်ချင်း ဒီကို မလာဘူးလား?"

လိုင်လ် မယ်ဒီရာ့ဆီဦးတည်သွားရင်း အံကြိတ်ဆိုလိုက်သည်။ နီရဲနေတဲ့ မျက်နှာနဲ့ မယ်ဒီရာက အပျိုတော်တွေကို ထွက်မသွားဖို့ ပြောနေရင်းကပင် အစေခံအားလုံး အခန်းထဲက ထွက်သွားကြ၏။

"သွားကြ! အားလုံး ထွက်သွား! ငါ ဘုရင်မနဲ့ နှစ်ယောက်ထဲ ပြောစရာရှိတယ်!"

ဘုရင့်အမိန့်နဲ့ ယှဉ်ရင် အပျိုတော်တွေက ဘယ်သူ့ကိူ ဦးစားပေးမှန်း သိသာလွန်းလှသည်။

သူမ အစေခံတွေ ရိုရိုသေသေဦးညွတ်ပြီး ထွက်သွားတာမြင်တော့ မယ်ဒီရာ ခြေဆောင့်လိုက်သည်။ ထိုအချိန်တွင်းမှာပဲ တံခါးက ထွက်ပြေးဖို့ ကြိုးစားနေတဲ့ မယ်ဒီရာ့ကို ခါးကနေ လိုင်လ်ဆွဲပွေ့လိုက်သည်။

Your Majesty is annoying (Myanmar Translation)Dove le storie prendono vita. Scoprilo ora