အပိုင်း (၂၄)

6.3K 306 8
                                    

{Unicode}

လိုင်လ် ခဏလောက် ပါးစပ်ပိတ်သွားသည်။

ထိုအချိန်က သူ သည်းမခံနိုင်တော့သောကြောင့် မယ်ဒီရာကို အိပ်ရာထဲ ပြန်ထည့်ခဲ့ခြင်းပင်။ ထိုကိစ္စက အခုလိုမျိုး သတင်းဖြစ်နေမည်ဟု မမျှော်မှန်းထားခဲ့ပေ။

"ကောလဟလတွေက အရှင်မင်းကြီးက ဘုရင်မကို ချစ်မြတ်နိုးနေပြီဆိုတဲ့ သတင်းထွက်နေပါတယ်။ ဒီသတင်းကြောင့်ပဲ နယ်စားမင်းက ဒီနေ့ငြိမ်နေတာမဟုတ်လား"

"ဟမ်းးး"

အမှန်တကယ်ပင် ဧကရာဇ်မင်းမြတ်က သူ့သမီးနဲ့ အချိန်ဖြုန်းနေလို့ မနက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲနောက်ကျတာမို့ နယ်စားမင်းက ဒီနေ့တနေ့လုံး အငြင်းအခုံမပြုပဲ ပြီးသွားတာပင်။

နယ်စားမင်းနဲ့ လိုင်လ်က အာဏာလုနေတယ်ဆိုပေမဲ့ နယ်စားရဲ့ လက်အောက်ခံတစ်ယောက်ကမှ လိုင်လ်ဆွေးနွေးပွဲနောက်ကျတာကို အပြစ်စကားတစ်ခွန်းမဆိုပေ။ လိုင်လ်ရဲ့ နိုင်ငံရေးကို သံမဏိလို ထိန်းချုပ်ထားမှုကို သဘောမကျပေမဲ့လဲ။

သူတို့နှစ်ယောက်ကြားက တောမီးလို ပျံ့နှံ့ခဲ့ပြီးသားပင်။ ဧကရီဘုရင်မက လိုင်လ်ကို စိတ်ဒုက္ခပေးလေ့ရှိပြီး သူ့အချစ်ကို ငတ်မွတ်နေကြောင်းပင်။

"ဒါက ပိုမကောင်းဘူးလား။ အရှင်မင်းကြီးသာ ကောင်းတဲ့ အမှတ်တရတွေကို ဘုရင်မ သတိပြန်မရခင် ဖန်တီးထားနိုင်ရင် အရင် အတိတ်ကို ပြန်သတိရရင်တောင် အခုပုံစံအတိုင်းနေရင်နေမှာပေါ့။ အရှင်က ဘုရင်မ အရင်ပုံစံပြန်ဖြစ်မှာကို မလိုလားဘူးမလား"

ဒါပေါ့၊ သူအရင် မယ်ဒီရာ့ပုံစံပြန်လာမှာကို မလိုချင်ပေ။

သူမရဲ့အရင်ပုံစံကို သေးသေးလေးလောက်ပြန်မြင်ရရင်တောင် တဖြည်းဖြည်း ပြန်ခုန်လာတဲ့ သူ့နှလုံးသားက ချက်ချင်းအေးခဲသွားမည်ပင်။

"...ဒါပေါ့"

အရင် မယ်ဒီရာ။

ထိုအရာက သူလုံးဝပြန်မမှတ်မိချင်သော အရာပင်။ အခုမယ်ဒီရာ့ကိုယ်ထဲမှာသာ အရင်ပုံစံကို ပြန်ရှာတွေ့မယ်ဆိုရင် သူ့နွေးထွေးမှုအားလုံး ပြန်ပျောက်ဆုံးသွားမည်ပင်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now