အပိုင်း (၇၂)

2.6K 168 4
                                    

{Unicode}

နယ်စားအိမ်တော်ဆီ သတင်းစကား ပို့လိုက်တာနဲ့ အမျိုးသားတစ်ယောက် ချက်ချင်းရောက်လာလေသည်။ တခြားလူကို လွှတ်မဲ့အစား လုခ်ကိုယ်တိုင် လှည်းနဲ့ ရောက်လာတာမို့ သူနဲ့ တွေ့ဖို့ လိုင်လ် မယ်ဒီရာကို ခွင့်ပြုရတော့သည်။

လိုင်လ်က ဧကရာဇ်တာဝန်နဲ့ အလုပ်များနေကာ လုခ်က (အိုင်ယန်ပုံစံ ဟန်ဆောင်ထားတဲ့)စီရီရာကို လာခေါ်ရုံပဲမို့ စိတ်ပူစရာ မလိုဟု သူတွေးသည်။

သို့သော် လိုင်လ့်စိတ်အခြေအနေမကောင်းလှချေ။

[ဧကရီက ငယ်ရွယ်တဲ့ မြို့စားနဲ့ နယ်စားလေးတို့နဲ့ တွေ့နေတယ်]

သူမ နယ်စားမင်းနဲ့ တွေ့ပြီးပြီမို့ နယ်စားလေးနဲ့ တွေ့တာက ဘာမှ အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ချေ။ မယ်ဒီရာက သူမအတိတ်မေ့သွားတာကို မသိစေရအောင် လိုက်လျောညီထွေ နေနိုင်စွမ်းရှိသည်။

သုံးယောက်သား ဘာတွေ ပြောကြမှန်း ပြန်သိရအောင် အစေခံတစ်ယောက် စေလွှတ်ထားတာမို့ မကြာခင် လိုင်လ် သိလိုတာ သိရပေမည်။ သို့သော်....

[ငါဘာလို့ စိတ်ထဲ ဒီလို မကောင်းတဲ့ ခံစားချက်ကြီး ခံစားနေရတာလဲ?]

သူအခုနေ ရုံးခန်းက ထွက်ပြီး သူတို့ စကားဝိုင်းထဲ ဝင်ပါရင် ကြည့်မကောင်းဖြစ်မည်မှန်း သူသဘောပေါက်သည်။ မယ်ဒီရာ ကျိန်းသေပေါက် စိတ်ဆိုးမည်မှန်း လိုင်လ် သိသည်။ သူမမျက်လုံးထဲ သူ့ပုံရိပ်ကျဆင်းသွားမည်မှာ အသေအချာပင်။

[ငါ သွားကြည့်ချင်တယ်]

သူ့စိတ်ထဲက မယ်ဒီရာ့ကို ထုတ်ဖို့ အလွန်အကျွံ အာရုံစိုက်ထားရတာမို့ သူ့တာဝန်က မှန်းထားတာထက် စောစောပြီးသွားလေသည်။

ရုံးခန်းထဲက ဆစ်ခ်လက်ကိုင်စကားက ဘာမဟုတ်ပဲ အလောကြီးနေရင် အမှားလုပ်မိမည်ဆိုတဲ့ စကားဖြစ်သည်။ ဒီစကားက တခြားအမှုထမ်းတွေကို ထိန်းကွပ်ထားတာမို့ လောလောဆယ် လိုင်လ့်လက်ထဲ ဘာတာဝန်မှ ရှိမနေပေ။

ဘာအလုပ်မှ မရှိတာနဲ့ သူ့စိတ်က မယ်ဒီရာ့ဆီ ရောက်သွားပြန်သည်။

သူ သွားပြီး ဘုရင်မနား မထိုင်ရဲဘူးလေ၊ ဘုရင်မ ဘာတွေများ ပြောနေလဲ? မင်း သူနဲ့ ရယ်ရယ်မောမောစကားပြောနေတယ်တော့ မပြောနဲ့နော်...

Your Majesty is annoying (Myanmar Translation)Where stories live. Discover now