အပိုင်း ၉

Comenzar desde el principio
                                    

"အဟမ်း....အေး မခေါ်ဘူး"

TV ကြည့်နေစဥ် ရုတ်တရက် ရလိုက်သော အနံ့ကြောင့် လူသားကောင်ရှိရာဆီ အကြည့်တို့ပို့လိုက်မိစဥ်။ သူ့ အကြိုက် နီနီရဲရဲ တော့ပိုကီစပ်စပ် တစ်ပွဲ။

အာကာမင်းမောင်ကတော့ သူ့ဘက်ကို တစက်မှလှည့်မကြည့် တော့ပိုကီများကိုသာ ပန်းကန်ထဲ ခပ်ထည့်နေလေသည်။ ထည့်ပြီးသည့်တိုင် သူ့အား လာစားရန် မခေါ်သော လူသားကောင်။

*ဘာလဲ ဒီကောင် ငါ့ကို ခေါ်မကျွေးဘူးလားဟ*

နတ်ဘဝပေမို့ လူ့ပြည်က အစားအစာများအား စားချင်တိုင်း ယူစားလို့မရ။ တစုံတဦးက ကျွေးမှသာ စားလို့ရလေသည်။ မျက်ရည်လေး ဝေ့ကာဖြင့် အာကာမင်းမောင်ထံ စတုတ္ထရာ လှမ်းကြည့်နေသော်လဲ အနှီလူသားကတော့ သူ့ကို တစက်ကလေးမှ မကြည့်သည့်အပြင် စားဖို့လဲ မခေါ်ပေ။

တော့ပိုကီထဲက ဆန်ချောင်းကို ခက်ရင်းဖြင့် ထိုးလိုက်ရင်း နီနီရဲရဲ အနှစ်များနှင့် လှိမ့်လိုက်ကာ အာကာမင်းမောင် စားရန် ဟန်ပြင်လိုက်ချိန်မှာတော့ စတုတ္ထရာ မနေနိုင်တော့။

"ဂလု...အာကာမင်းမောင်"

ခေါ်လိုက်သောကြောင့် မော့ကြည့်လိုက်သောအခါ မျက်နှာငယ်လေးနှင့် အရည်လဲ့နေသော မျက်ဝန်းများကို တွေ့လိုက်ရသည်။ သို့သော်လဲ အကြည့်တို့က သူ့ဆီမှာ မဟုတ်။ လက်ထဲက ဆန်ချောင်းတွင်သာ။

"အင်း ပြောလေ စတုတ္ထရာ"

"ငါ့ကို တော့ပိုကီ မကျွေးတော့ဘူးလားဟင်"

"မင်း ခုနက Sandwich နဲ့ အအေး သောက်ပြီးပြီမလား"

"ဒါ ဒါပေမယ့်လဲ မင်းမှ အစပ်မစားနိုင်တာ။ အဲ့ဒါ ငါ့အတွက်မလားဟင်"

"အင်း အရင်ကမစားနိုင်ပေမယ့် အခု စမ်းစားကြည့်မလို့"

"အော်...."

"စားချင်လို့လား...."

"အင်း"

မျှော်လင့်နေသော မျက်ဝန်းများက တဖြတ်ဖြတ် တောက်ပလျှက်။

"ဒါဆို မောင်လို့ ခေါ်ရင် ကျွေးမယ်"

"ဟမ်....ဘာလို့ခေါ်ရမှာလဲ"

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Donde viven las historias. Descúbrelo ahora