အပိုင်း ၃၇ unicode

Start from the beginning
                                    

"အင်း.....မိဘတွေက မအားလို့ပါ။အရွယ်ရောက်လာတော့လည်း ကျောင်းစာတွေက များပြီး စာကျက်ရတဲ့ အချိန်တွေ ပေးလာရတော့ မသွားဖြစ်တော့ဘူး။"

"သူငယ်ချင်းတွေနဲ့ကော မသွားဖြစ်ဘူးလား။"

"အင်း..မလိုက်ဖြစ်ဘူး။ကျောင်းကပြန်ရင်လည်း အိမ်ပဲ တန်းပြန်တာ ဆိုတော့ ဘယ်မှလည်း မသွားဖြစ်ပါဘူး။"

"ကျောင်းပိတ်ရက်တွေ ဆိုရင်ကော ခရီးတွေ ဘာတွေ မထွက်ဘူးလား။"

"ဟင့်အင်း။ မထွက်ဖြစ်ပါဘူး။ အိမ်မှာပဲ စာဖတ်၊ စာကြည့်နေတာလေ။"

ငွေကြေးချမ်းသာတဲ့ သူဌေးသား အိမ်က သားကလည်း ဒီအသက်အရွယ် ရောက်နေတာတောင် ဘယ်မှ သွားရပုံမရ။ သွားတတ်ပုံလည်း မပေါ်။ သူ့ကြည့်ရတာ ပျင်းစရာကောင်းလိုက်တဲ့ ဘဝပါလား။ကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်းက လွဲပြီး ဘာမှ သိပုံမရတဲ့ ပုံစံမျိုးနဲ့ပါ။ အခုလည်း ကြည့်လေ။ ရုပ်ရှင်ရုံ လာတာတဲ့။ သူဌေးသားပဲ သားသားနားနား ဝတ်စားလာပါလား။ ခြေထောက်အောက်က ကတ္တီပါ ဖိနပ်နဲ့ ပုဆိုးကလည်း ဝတ်ထားသေး။ အပေါ်က အင်္ကျီလက်ရှည်နဲ့ ကတော့ ရုပ်ရှင်ရုံမှာ လူငယ်တွေ ရုပ်ရှင်လာကြည့်တဲ့ ပုံစံမျိုးတော့လည်း မဟုတ်ပြန်။ လာတဲ့ နေရာဒေသနဲ့ မလိုက်ဖက်တဲ့ ဝတ်စုံကို ရွေးများ ဝတ်လာသလား။ ပုံစံကိုက အဘိုးကြီး ပေါက်စ ပုံစံနဲ့။

"မင်းဘဝကလည်း ပျင်းစရာကြီး။"

"ဗျာ..ဘာပြောတာလဲဗျ။"

သူ့အသံ အနည်းငယ် တိုးသွားသောကြောင့် ကြားဟန်မတူဘဲ ပြန်မေးလေသည်။ မေးရုံတင် မဟုတ်ဘဲ မတ်တပ်ရပ်နေရာမှ သူ့ဘက် ခေါင်းလေးစောင်းကာ တိုးကပ်လာပြီး မေးမြန်းပုံကြောင့် ရုတ်တရက်မို့ အနည်းငယ် လန့်သွားဟန်ကြောင့် နောက်သို့ အနည်းငယ် ဆုတ်သွားဟန်တောင် ဖြစ်သွားသေးသည်။ဘယ်လို ကောင်လေးလဲ။စကားပြောရင် ရိုးရိုးမပြောဘဲ အနားကပ်လာရတယ်လို့။

"ဘာမှမဟုတ်ပါဘူး မင်းကလဲ။"

"ဪ..ကျွန်တော်က တခုခုများ ပြောလိုက်သလားလို့ပါ။"

သူတို့နှစ်ယောက် စကားပြောနေချိန်မှာပဲ အာနီ အနားသို့ ရောက်လာသည်။ စကားစပြတ်ပြီး အာနီ့ ဆီ အကြည့်ရောက်သွားကြသည်။ အာနီ့ အကြည့်တွေကလည်း သူနှင့်အတူ နံဘေးမှာ ရပ်နေသည့် သူဆီ ရောက်နေလေသည်။ ရုပ်ရှင်လက်မှတ် ဝယ်ဖို့ အာနီ ထွက်သွားတုန်းက သူတယောက်တည်း အခု နံဘေးမှာ နောက်တယောက် ရှိနေတော့ အာနီလည်း ထူးဆန်းနေပုံ ရလေသည်။

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now