အပိုင်း(၂၅)

Começar do início
                                    

လူတွေအားလုံးကပြောကြတယ်အဲ့ဒီပန်းတွေကမရေမတွက်နိုင်အောင်များပြီးအသက်လဲရှိတာမဟုတ်ဘူးတဲ့။ဒါကရှေးလူကြီးတွေရဲ့ဆိုရိုးစကားဖြစ်ပြီး ဒီပန်းလေးတွေကလူတွေထင်နေကြသလ်ိုမျိုးနှလုံးသားမရှိတာမဟုတ်ဘူး။သူ့မှာလဲသူ့အလှနဲ့သူရှိတာဘဲ။

ဒီပန်းကမရနိုင်တဲ့အချစ်လို့အဓိပ္ပါယ်ရတယ်။အနီရောင်စပ်ိုက်ဒါလီလီကိုဘီအန်းလို့လဲသိကြတယ်။မန့်ကျူးရှားလို့လဲခေါ်ကြတယ်။ဒီပန်းအနောက်မှာဇာတ်လမ်းတွေအများကြီးရှိတယ်။သူအက်ြိုက်ဆုံးကတော့မန်ကျူးနဲ့ရှားဟွာရဲ့အချစ်ပုံပြင်ကိုဘဲ။သူတို့တွေကပန်းကိုစောင့်ရှောက်ပေးရတဲ့နတ်ဆိုးနှစ်ကောင်ဖြစ်ပြီးဘယ်တော့မှတွေ့ခွင့်မရခဲ့ကြဘူး။တစ်ယောက်ရှိနေတာကိုတစ်ယောက်သိကြပြီးတွေ့ချင်နေကြပေမယ့် ဘုရားသခင်ကသိသွားပြီးအပြစ်ပေးခံခဲ့ရတယ်။သူတို့ရဲ့အပြစ်ကတစ်ယောက်နဲ့တစ်ယောက်တစ်သက်လုံးဘယ်တော့မှတွေ့ခွင့်မရှိ‌တော့တာဘဲ။

ကုန့်ဇယ်ယွင်မချိပြုံးပြုံးလိုက်ပြီးကျိနမ်ဖုန်မေးတာကိုပြန်မဖြေလိုက်ဘူး။

အခြေအနေတွေကအေးစက်လာတော့ကန့်ယွင်ထင်လည်ချောင်းရှင်းလိုက်ပြီး: 'ဘာလို့အခြေအနေကထူးဆန်းသွားရတာလဲ?ဒါကမြေအောက်ခန်းဆိုပေမယ့် ရေခဲတွေထားထားတဲ့အခန်းလိုမျိုးခံစားနေရတယ်'

လုရှင်းရန်လဲတစ်ခုခုပြောင်းလဲသွားတယ်ဆိုတာကိုသိနေပေမယ့်လဲထုတ်မမေးခဲ့ဘူး။

အဲ့ဒါကြောင့်သူစကားလမ်းကြောင်းလွှဲလိုက်တယ်: 'ညီသုံး ငါတို့သက်သေတွေအများကြီးရှာတွေ့ထားတယ်ဆိုတာကအမည်မသိလူတစ်ယောက်ကြောင့်ဘဲ။ဒါပေမယ့်သူကဘယ်သူဘယ်ဝါဆိုတာကိုတော့မသိရသေးဘူး'

'အဲ့ဒီလူကရန်သူမဟုတ်ရင်ပြီးတာဘဲ'

အခန်းထောင့်မှာထိုင်နေတဲ့ကုန့်ဇယ်ယွင်ပြုံးလိုက်တာကိုဘယ်သူမှသတိမထားမိလိုက်ဘူး။

ကျိုးဇီမှာ

'ရှီးရှီး နင့်ကုမ္ပဏီကြီးကကောင်းလိုက်တာ။အလုပ်လုပ်ရတဲ့ပတ်ဝန်းကျင်ကလဲကောင်းတယ်...နင့်လုပ်ဖော်ကိုင်ဖက်တွေကိုကြည့်ရတာလဲခင်ဖို့ကောင်းမယ်ပုံတွေဘဲ' ရွှီချင်းမန်ပြောလိုက်တယ်။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Onde histórias criam vida. Descubra agora