Part 17

311 40 8
                                    

ရှင်သန်ရာ...ဒီမနက် စောစော..ဘုရားပေါ်၌ လာခဲ့လိုက်သည်...။ဒီနေ့က..ရွာ၏.. တန်ဆောင်တိုင် မီးထွန်း..ပွဲနေ့...ဖြစ်သည်...လေ...ထို့ကြောင်.ရွာက.ကာလသားတေက..ထင်းခုတ်...တဲဆောက်..လုပ်နေကြသည်...။  ပျိုမဒီ လေးတေက တော့...ချက်ပြုတ်ရေး ကိုတာဝန်ယူရသည်.လေ...။

သူသည်..သူကြီးသားဆိုတိုင်း...မလုပ်ဘဲ..အချောင်ခိုနေ၍ မကောင်းပေ...ထို့ကြောင့်..သူလဲ...လုပ်ကူရန်အတွက်...သွားမိတော့..

မောင် က..ပုဆိုးအား..ခပ်တိုတို ဝတ်ထား၍
စွပ်ကျယ်..လက်ဂျိုင်းပြတ်..တစ်ဖြင့်..ဝတ်ထားသည်...။ ခေါင်း၌ လည်း..ခမောက်ဝါဝါ..တစ်ခုအား.. ဆောင်းထားသေးသည်....။

သူနှင့် နည်းတူ...ဝတ်ထားသောကြောင့် အနည်းငယ်.မျက်နှာပူမိပေ.မဲ့.လည်း...မတတ်နိုင်ပေ..။သို့သော်သူက ခမောက်...မဆောင်းထားပေ..။

မောင်.က ထင်းခုတ်နေသည်မို့..သူ့အားမမြင်ချေ...။ထိုသို့...မမြင်တော့...သူအနည်းငယ်..နှုတ်ခမ်းဆူမိ.ပြန်သည်...။

ထို့နောက်....မမြင့်..က သူ့အား...တွေ့ကာ....

     '' အယ်.... ရှင်သန်ရာက..ဘာလိုလို့...လဲ....''

    '' အာ...ကျွန်တော်..ဘာကူညီပေးရမလဲ....ကျွန်တော်..ဒီတိုင်း.. မနေချင်လို့ပါ.....''

    '' ဒီကြက်သွန်နီလေးတေ...ခွာပေးပါလားဟင်..
အမတို့က..အိုးတေ ခွက်ဆေးရမာ ရယ်..ချက်ပြုတ်မဲ့ သူတေချည်းဆိုတော့..နွာဖို့..မအားလို့....ပါ...ရမလား ''

     '' ရပါတယ်.....ဗျာ.......''

ရှင်သန်ရာ....ထိုင်ခုံအသေး၌ ထိုင်ကာ..ဓားကို..အသုံးပြုကာ..နွာနေသည်။

ရှင်သန်ရာလည်း...ကြက်သွန်နီအား....တစ်လုံးပြီး..တစ်လုံးဆက်တိုက်..ခွာနေလိုက်သည်...။  အလုံးနှစ်ဆယ် ကျော်သော..အခါ....မျက်ရည်နှင့်.မျက်ခွက်...ဖြစ်နေလေပြီ....သို့သော်...လည်း.
သူသည်..ယောက်ကျားလေး တစ်ယောက်.. ဖြစ်သည်မို့...သည်လောက်...နှင့်...မလုပ်နိုင်တော့ဘူးဟူ၍...ငြင်း၍ မဖြစ်နိုင်ပေ...။

   '' ဟင့်...စပ်လိုက်တာ...သေတော့မှာဘဲ.....''

   '' အချစ်...ခင်များလေး..ဒီမာ..ဘာလုပ်နေတာလဲ....''

''ဒီမယ်  ချစ်ရအောင်'' (ongoing)Where stories live. Discover now