part2

1.1K 81 4
                                    

ရှင်သန်ရာလဲ သူ့အား ပြုံး၍ ကြည့်နေသော ထိုလူကြောင့် အလွန် အနေခက်ရပါသည်။ ထို့နောက်ထိုလူက သူ့အား ပြောလာသည်ကား

       ''ရှင်သန်ရာ ကောင်ငယ်လေးက ကျော်ကြီး
ရဲ့ ညီလား....?''

     ''ကျွန်တော့် ဘာသာ ဘသူ့ညီဖြစ်ဖြစ် ခင်များနဲ့ ဘာဆိုင် သလဲ?'

ရှင်သန်ရာသည်းခံနိူင်စွမ်း ကို ဆွနေသော ထိုလူရယ်ပါ။ ရှင်သန်ရာ အလွန်စိတ်တိုလာသော ကြောင့် ထိုလူ့အား လျစ်လျူရှုကာ အိမ်ပေါ်သို့ တက်လာလိုက်သည်။

သူ့အား အမြင်မကြည်သောစကားများပြောကာအိမ်ပေါ်သို့တက်သွားသော  အကောင်ပေါက်ကိုကြည့်ရင်း အူတေ အသဲတေ ယားလာသော ကြောင့် ပြုံးလိုက်မိသည်။ထို့နောက် သူရင်းနှီးသောအသံက

    ''ဟာ ဟျောင့် အောင်ကြီး မင်းဘလို ရောက်လာတာလဲ...?''

      ''ကျော်ကြီး ငါမင်းကို ပြောစရာရှိတယ်ကွာ..
ထန်းတောကို ခနသွား ရအောင်....''

''အမေ အဖေ့ ရေ အောင်ကြီးလာခေါ်လို့ သွားပြီနော်''

ကျော်ကြီးလဲ ချစ်ရ အောင် ပြောသည်နှင့်တစ်ပြိုင်နက် အမေ့နဲ့အဖေ့ကို နှုတ်ဆက်လိုက်သည်။ အဖေနှင့်အမေ့မာ လဲ ခေါင်းတစ်ချက်ညှိမ့် ပြလေသည်..။သွားခိုင်းသည်ဆို သော သဘောကို ဆောင်ပါသည်လေ။

ထန်းတောကို ရောက်တော့ ချစ်ရအောင် ခေါ် အောင်ကြီးက သက်ပြင်းတစ်ချက်ချ ကာ ပြောလေသည်။

         ''ဟူး... ကျော်ကြီးရယ် နားနဲ့ နာ ဖဝါးနဲ့ နာပါကွာ ''

ထိုအချိန်ကျော်ကြီးက မျက်ခုံး တစ်ချက်ပင့်လာကာ သူတို့ နှစ်ဦးရှေ့တွင် ချ ထားသော ထန်းအိုးကို တစ်ချက်သောက်ကာ သူ့အားကြည့်၍ ပြောလာသည်။

      ''ဟာ အောင်ကြီးရာ နားနဲ့ မနာ ပါနဲ့ ဖဝါးနဲ့ နာပါကွာ မဟုတ်ဘူးလားဟ မင်းဟာက လဲ ဘာတေ ပြောနာတုန်းကွာ''

      ''မသိဘူး ကွာ မင်းဘာသာ နာချင် နာ မနာချင်မနာနဲ့ ....ငါပြောချင်တာက တစ်ခုဘဲကွ.....''

ကျော်ကြီးက တစ်ချက် ခေါင်းငြိမ့်ကာ သူပြောမည့် စကားအား နားထောင်နေသည်မို့ ဆက်ပြောလိုက်သည်..။

''ဒီမယ်  ချစ်ရအောင်'' (ongoing)Where stories live. Discover now