Part 6

752 60 6
                                    

ရှင်သန်ရာလဲ အိမ်သို့မြန်မြန်ခြေလျင်သုတ်ခဲ့သည်။အဘယ့်ကြောင့်ဆိုသော် သူအတော်ချမ်းနေလေပြီလေ။အဝတ်အစား လဲပြီး အိမ်ရှေ့လာတော့ လေအလွန် တိုက်နေသည်မို့

      ''အမလေး ချမ်းတာ... ကွာ....''

သူချမ်းလွန်းလို့ ငြီးလိုက်မိတော့ အိမ်ရှေ့မှာ ထိုင်နေသော အကိုကြီးက သူ့အား တစ်ချက်ကြည့်လာလေသည်။

    '' အငယ်ကောင်... ဒီကို လာ...ပါ အုံး..ဟ..''

    '' ဘာပြောမို့တုန်းဗျ...''

အကိုကြီး ပြောမည့်စကားက လေးနက်မည်ဟု ရှင်သန်ရာ ခံစားမိလိုက်သည်။ နားထောင်ကြည့်လိုက်တော့

     '' ချစ်ရအောင် ကို စဥ်းစားပေးလို့ မရဘူးလားကွာ.....''

    ''အကိုကြီး ကျုပ်ကို ဒါပြောမယ် ဆို ကျုပ်နားမထောင်နိုင်ဘူးဗျာ....''

ရှင်သန်ရာလဲ စိတ်တိုတို နှင့်ပင် အိမ်ထဲက ထွက်လာ မိသည်။ သူမကြိုက်ပါ ။ သူတကယ် ထိုလူ့ကို ကြည့်မရပေ။ သို့သော်ထိုလူ က သူ့အပေါ်အလွန်ချစ်သည်ဆိုတာတော့ သူသိပါသည်။

ဟော အသက်ရှည်အုံးမယ် ။ထိုချစ်ရအောင်က  မြေပြင်ကိုသာ စိုက်ကြည့်ပြီးလာ နေလေ ရဲ့...။
သူ့ကို မမြင်သည့်ဟန်မို့ သူလည်းမနှုတ်ဆက်မိပေ။

   '' အဟမ်း.....''

လှည့်မကြည့်လာပါ ။ သူ့ကို တောင် ကျော်သွားပါသည်။တစ်စက်ကလေး မှပင် လှည့်မကြည့်ပေ။

အဘိုးရီး ခင်များက လှည့် မကြည့်ဘူး ပေါ့ ။ရတယ်လေ ။ ရှင်သန်ရာ ကလဲ သူချေကိုယ်ချေ ဘဲ ဗျ ဟွန့် အမြင်ကပ်စရာ ရုပ်ကြီး ဟု သာ ရှင်သန်ရာ ခြေဆောင့် ၍ သစ်ပင်ကြီး တစ်ပင် အောက်သို့ သွား ထိုင်မိသည်။

ထိုင်နေရင်း မြင်မိတာက တော့ ထိုလူ့ရဲ့ ကျော်ပြင်ကျယ်ကျယ်ကိုပေါ့ ။ အဲ့ လူ ဘာဖြစ်မှန်းပင် မသိချေ။ ခေါင်းက မြေပြင်ကိုသာ ငိုက်စိုက် ကြနေလေရဲ့။

သူလဲ အကြာကြီး ထိုင်နေမိသည်။ အကိုကြီးပြောသည့် စကား များ ကိုစဥ်းစားမိလိုက် ထိုလူ့ကို တွေးမိလိုက်နှင့် ပင် ညနေစောင်း သွားလေပြီ ဖြစ်သည်။

''ဒီမယ်  ချစ်ရအောင်'' (ongoing)Where stories live. Discover now