Part-8

631 60 9
                                    

''ချစ်ရအောင်..''

....''ဘာလဲကွ....ဟာ...သူကြီး..''

သူ့နောက်ကို လှည့်ကြည့်မိတော့ သူကြီး က သူ့အညး မျက်ထောင့် နီဖြင့် ကြည့်နေလရဲ့။

..'' မင်း..ဘာလို့ ဒီမှာ လာဆိုနေတာလဲကွ...ငါ့ကို မထီမဲ့မြင်ပြုတာလားကွ....''

ဒေါသများစွာနှင့်ပြောသော ရှင်သန်ရာ့အဖေ(
(ခေါ် )သူကြီး က သူ့အား ပြောလာကာ ထိပ်တုံး ခတ်လေရဲ့။

ဒါပေါ့ သူ လိုချင်တာ ဒါဘဲ လေ။ ထိပ်တုံးခတ်ရင် သူက တစ်နေကုန် သူ့အမျိုးသားငယ် ကို တွေ့နေရမာ ဘလောက်တောင် ပျော်ဖို့ ကောင်းလိုက်သလဲ။

သူကြီးကတော့ သူ့ရှေ့ က ပြုံးစိစိဖြင့် မျက်နှာပြောင်ကာ ထိပ်တုံးအခတ်ခံနေသော ချစ်ရအောင် အား မျက်မှောင်ကျုံ့ကာ ကြည့်မိသည်။

''မင်း..ဘာလို့ အဲ့လောက်မျက်နှာ ပြောင်နေရသလဲ..''

'' မဟုတ်ပါဘူးဗျ..ဟဲဟဲ...''

ရှင်သန်ရာလဲ သီချင်းဆိုနေသော ထိုလူ့အားငေးမောကြည့်နေမိတော့ ထိုလူ့နားကို.. အဖေ ရောက်သွားသည်ကို မသိလိုက်ပေ။ အဖေက ခန ကြာတော့ ချစ်ရအောင်အား ထိပ်တုံးခတ်လေရဲ့။ သူတကယ် ရယ်ချင်မိပါသည်။ဒါက ထိပ်တုံး အခတ်ခံရသည် ကို ပြောင်စပ်စပ် မျက်နှာဘေးနှင့် ကောင်ကြောင့် ဖြစ်သည်။

ချစ်ရအောင်ရယ် မင်း ရူးများ နေသလား။ ငါ့ကို မကြိုက်စမ်းပါနဲ့ ကွာ..။ တော်တော် မျက်နှာရူးတဲ့ ကောင်စုတ်။

'' ဒါနဲ့ သူကြီး... ဒီတစ်ခေါက်အလှူ မလုပ်ဘူးလား....''

'' ဟေ..ဘာအလှူလဲ ကွ.....''

'' တန်ဆောင်တိုင် မီးထွန်းပွဲလေဗျာ အခုေတာင် ေရာက် တော့မှာလေ ...ဗျာ..''

အော်ဟုတ်သား ။ တန်ဆောင်တိုင် ပွဲက ရောက်တော့မှာဘဲ။ ရွာသူရွာသားတေကို စုခိုင်းပြီး ဘုရားပွဲ လုပ်ရမာဘဲ။

'' ချစ်ရအောင်..ငါ့တူရေ...''

တွေ့လား ။ တွေ့လား လိုအပ်တာ ဘာညာရှိရင်ကျတော့ သူ့ကို အဲ့လို မျိုး ရှားစောင်းလက်ပတ်ကို အရည်ညှစ်ထားတဲ့ အတိုင်း ကို ခေါ်ပြောတာ ။ ရုံးပတီသီးအရည်ညှစ်တာမဟုတ်ဘူးလားလို့ လာမမေးနဲ့ ဖိနပ်နဲ့ အခွက်ကို ရိုက်မာ။ ဟင်းဟင်း မလုပ်ဘူးမထင်နဲ့ ။

''ဒီမယ်  ချစ်ရအောင်'' (ongoing)Where stories live. Discover now