Part 11

379 39 6
                                    

'' ဟင်း ကိုယ့်အသဲအသက် လေး ကို လွမ်း..အေ့လိုက်တာ ကွာ.....''

ချစ်ရအောင် ထန်းရည်အား တစ်အိုး ပြီး တစ်အိုး သောက် ရင်း နှင့် ယခုဆို လျှင် သူသောက်နေသည်က သုံးအိုးမြောက်ပင် ဖြစ် နေလေပြီ။
ထန်းရည်တော ပိုင်ရှင် တင်ထွန်း လည်း ချစ်ရအောင် အား အိမ်ထဲမှ ကြည့် ရင်း ပင် သက်ပြင်း တစ်ချက်ရှိုက် လိုက်သည်။

ထို့နောက် ကိုအောင်ကြီး ၏ ဘေး နားသို့ သွားကာ ပြောလိုက်သည်။

      '' အကို ရာ မသောက်ပါနဲ့ တော့ ဗျာ...''

  '' အောင်မယ်....ငါထိုးလိုက်ရ... ဒီနွားကတော့..
   သေတော့ မယ်... အေ့ မင်းဆိုင်ကို.. အင့် ငါက
ပိုက်ဆံမပေးဘဲ ထွက်ပြေးမာ မို့ လို့လား ကွ....''

ထိုအခါ တင်ထွန်းက ထိတ်လန့်ကာ ချက်ချင်းပင်ငြင်းလေသည်။

     '' မဟုတ်တာ ဗျာ.... ''

  '' ရော့ ဒီမာ ပိုက်ဆံ.. ပိုတာ ပြန်မအမ်း နဲ့.ငါနဲ့ ခဏ လိုက်ခဲ့ လာ... ''

ချစ်ရအောင်လဲ ထန်းရေအိုး ၏ ဘေးနားသို့ ပိုက်ဆံကို ချလိုက် သည်။ထို့နောက် သူ၏ ပုဆိုး ကို မကျွတ်ကျ ရန် လက်နှစ်ဖက် ဖြင့် ကိုင် လျက်
ရွာထဲ သို့ ဒယိမ်းဒယိုင်ရှေ့က အရင် သွားနေတော့သည်။

တင်ထွန်း လည်း ကိုအောင်ရီး ချ ပေးခဲ့ ပိုက်ဆံအား ကြည့် ရင်း ရယ်လိုက်မိသည်။

ငါတို့ ကိုရီး အောင် က တော့ နောက် ပြီကွာ...ပိုက်ဆံက အတိ ဘဲ ကို ဘလို ပို မှာတုန်း... ဟူး.. ထားပါလေ......

တင်ထွန်း လဲ ကိုအောင်ရီး ၏ ဘေးသို့ ကပ်လျှောက်ရန် သူ မြန်မြန် ပြေးလိုက်လိုက်သည်။ထိူ့နောက် ကိုအောင်ကြီး က သူကြီး အိမ်ရှေ့၌ရပ်လိုက်၏ သူက ကြောင်အအ ဖြင့် ကိုအောင်ရီး အား ဘာလို့ ရပ်တာလဲ ဟူသော အကြည့် ဖြင့် ကြည့် လိုက်သည်။

'' သွား....ငါ့အိမ်က ဂစ်တာ လေး သွားယူပေးစမ်းပါ...''

'' ဗျာ... အော် ဟုတ်ကဲ့ ဟုတ်ကဲ့...''

တင်ထွန်းလည်း ဘာလုပ်မလို့ လဲ မေးမလို့ ကြံကာ ရှိသေး ကိုအောင်ကြီး ၏ အကြည့် က သူဆီဒိုင်းကနဲ့ မို့ လို့ သူ့မှာ အမြန်ပင် ကိုအောင်ကြီး ၏ အိမ်သို့ ပြေးသွားရသည်။

''ဒီမယ်  ချစ်ရအောင်'' (ongoing)Where stories live. Discover now