Part 12

373 33 9
                                    

ရှင်သန်ရာ ၏ အိမ်ရှေ့မှ ဟိုလူရီး ယိုင်တိယိုင်တဲ့ ဖြင့် တင်ထွန်း နှင့် ပါသွား သည် ကို စိတ်မောစွာ ကြည့်ရင်း အိမ်ပေါ်တက်မည်အပြုတွင်အမေ့အား တွေ့လိုက်ရသည်မို့.. အနည်းငယ် လန့်မိသည်တော့ အမှန်ပင် ဖြစ်ပေလိမ့်မည်။

'' အမေ.... ဘာလုပ်နေတာလဲ.....'

   '' ဘာလုပ်ရမလဲ... လာအုံး အဖေ ပြောစရာ ရှိတယ်......''

အမေက လေးနက်သောအကြည့်များဖြင့် သူ့အား ပြောတော့ သူသည်လည်း ခေါင်းတစ်ချက်ညှိမ့် ကာ အမေခေါ်ရာ အိမ်ပေါ်သို့ တက်လာလိုက်သည်။ ထို့နောက် အမေက ဧည့်ခန်း၌ ထိုင်ခုံပေါ်သို့ ထိုင်လိုက်လေသည်။    

သူလည်း အမေ့ရှေ့ ၌ ရှိသော ထိုင်ခုံ ပေါ်သို့ ဖြေးညှင်းစွာ ထိုင်လိုက်သည်။.. အမေက တစ်ခုခု အား စိတ်ပူနေဟန်ဖြင့်....

  '' သားငယ်...သား နဲ့ ချစ်ရအောင် က ဘာတေလဲ..အမေ့ကို အပွင့် လင်းဆုံးပြော...ကွယ်..''

    '' သား....သားတို့က မသက်ဆိုင်ပါဘူး..အမေ''

  '' အမေ သိတယ် သား သို့ပေမဲ့ ငါ့သား ပြတ်ပြတ်သားသား တော့ ဆုံးဖြတ်ပါ... သားရဲ့ အိမ်ထောင် ရေးကိုတော့ အမေတို့က ဝင်မစွတ်ဖက်ပါဘူးသားငယ်...''

     '' ကျေးဇူးပါ...အမေ.....''

ရှင်သန်ရာ မေမေ့ခါးအား  ကလေးငယ်တစ်ဦးလိုဖက်ကာ ချွဲ၍ ပါးအားနမ်းလိုက်သည်။သူ့အမေက သားသမီး အပေါ်... အလွန်ပင် နားလည်မှုရှိသည်။သူမေမေ၏ သား ဖြစ်ခဲ့ ခြင်းကို... အလွန်ပင် ဝမ်းသာမိပါသည်။

     '' ဒီကလေးနှယ်.. အမေအိုကို ချွဲနေပါရောလာ..ကွယ်....''

အသံလာရာဖက် ကို ကြည့် မိတော့ ဖေဖေနှင့် ကိုရီးက သူတို့ သားအမိအား  ပြုံးကာ ကြည့်ရင်း အိမ်ထဲသို့ ဝင်လာလေရဲ့....

      '' အို...တော် နော်...ကျုပ်က ဘလို လုပ် ဖြင့် အမေအို ဖြစ်သွားရတာတုန်း.... တော်က ဘာလဲ...
ကျုပ်ကို... စိတ်ပျက်....နေပြီလား......''

      '' ဟော ကွာ....ခင်ရယ် မဟုတ်ရပါဘူး... ကိုယ်က သားကို စတာပါကွာ....... မင်းက နုတာပေါ့ ကွ...ကြည့်စမ်း ကိုယ့်သား တေတောင်...မင့်နဲ့ မောင်နှမ လား လို့ သူများတေမြင်မှာတောင် စိုးရိမ်တယ်....''

''ဒီမယ်  ချစ်ရအောင်'' (ongoing)Where stories live. Discover now