Part 13

323 37 9
                                    

     '' ချစ်ရအောင်...မင်းအဲ့သလောက်တောင်ထိပ်တုံး ကြိုက်နေသလား......''

          ''ဟုတ်ကဲ့....အယ် မဟုတ်ပါဘူး....''

သူကြီးဖြစ်တဲ့ သူတောင်... ဒီမျက်နှာရူးကောင်..ကို ဓားဖြင့် အပိုင်းပိုင်း ခုတ်ဖြတ်ချင်နေပြီဖြစ်သည်။

မနက်စောစော စီးစီး တိုင်တဲ့ သူက ရောက်လာပြီ။ဟိုဘက်ရွာက ငဇော်ရဲ့ ခေါင်း ကို ချစ်ရအောင်က  ထန်းရည်အိုးနှင့် ရိုက်ခွဲ လိုက်သည်တဲ့လေ။

ငဇော်က ဘာလို့ ရိုက်တာလဲ ဟု ချစ်ရအောင်အားမေးတော့ဒီမျက်နှာရူး က..'' ပျင်းလို့ ဆိုပြီး ရိုက်သတဲ့ လေ။ သူ့သားကို တွေ့ချင်တိုင်း လူတိုင်း ၏ ရိုက်ခွဲမလား ပင် မသိချေ။သူလည်း အကြံ တစ်ခု ရသွားကာ

      '' ဟုတ်ပါပြီ... ဟင်းဟင်း....''

ချစ်ရအောင်၏ ရှေ့၌ မသမာပြုံးဖြင့် ပြုံးနေသော သူကြီး အားကြည့်ရင်း အနည်းငယ် လန့်မိ
သည်တော့ အမှန်ပင်.. ဖြစ်သည်။

   '' သူကြီး... ကျုပ်ကို ထိပ်တုံး ခတ်ဘူးလားဟင်''

     ''..ခတ်မာပေါ့ ဟင်းဟင်း...အုန်းသီးရေ လာပါအုံးကွာ....ချစ်ရအောင်ကို ခေါ်သွား..ချည်..ပြီးရင် ..အိမ်နောက်ဝက်ခြံ ဘေးက တဲမှာ ထိပ်တုံး..ခတ်လိုက်....''

အုန်းသီး ဆိုသော သူက သူကြီး ၏ တပည့် တစ်ယောက် ဖြစ်သည်။ ခန္ဓာကိုယ်အနည်းငယ် သေး၍ အရပ်ရှည်ရှည် နှင့် ဖြစ်သည်။ သူကြီးကလွဲ လျှင်..ကျန်သောသူ စကား များဆို နဲနဲ လေးတောင်ဂရုမစိုက်တဲ့ သူ တစ်ယောက် ဖြစ်သည်မို့
သူကြီးက သူ့ကိုဆို အလွန်ယုံကြည်သည်လေ။

ချစ်ရအောင်က အိမ်နောက်က ဝက်ခြံတဲမှာ ထိပ်တုံး ခတ်မယ်လဲ ပြောရော... ပြာပြာသလဲ ဖြင့်

    '' ဗျာ. ..သူကြီး ကျုပ်ကို... ဒီအရှေ့မှာ မခတ်ဘူးလားဟင်......''

      '' ဒီမာက မင်းပျင်းနေမှာပေါ့ .အုန်းသီးရေ...''

'' ဗျာ... ပြောပါသူကြီး.........''

     '' ထိပ်တုံး က အဲ့တဲထဲမှာ နောက်တစ်ခု ရှိထားတယ်...အဲ့ကိုခေါ်သွား ပြီး ခတ်လိုက်....''

     '' ဟုတ်ကဲ့....''

ချစ်ရအောင် ၏ မျက်နှာ မှာ ချီးပုံနှင်းထားသည့်အတိုင်း ရှုံ့မဲ့ နေလေ တော့ သည်။ အော် သူလဲ ယောက်က္ခမ ၏ လက်စွမ်းပြသည်ကို ခံနေရသည်။

''ဒီမယ်  ချစ်ရအောင်'' (ongoing)Where stories live. Discover now