Part 3

1.1K 68 3
                                    

ထိုအချိန် သူ့အကိုသည်လဲ သူ့အား အလွန် ေဒါသထွက်သော မျက်လုံးဖြင့် ကြည့်ခဲ့လေသည်။

         ''မင်းဘလို လုပ်လိုက်တာလဲ အငယ်ကောင် ရာ......''

သူလည်း သူ့ရှေ့မှ သတိမေ့သွား သောထိုလူ့အား အကိုကြီး နှင့် အတူ ဆွဲထူလာရင်း အိမ်ထဲ ခေါ်လာသောအခါ အဖေနှင့်အမေက စိတ်ပူသော မျက်လုံးများ ဖြင့် သူ့အနား သို့ ပြေးလာခဲ့သည်လေ။

         ''ဟာ သားငယ်ရာ မင်းဘလိုဖြစ်တာလဲ...ဉီးရာဇာသိရင်တော့ မျက်နှာပျက်စရာတေ ဖြစ် တော့မာဘဲကွာ........''

       ''အဖေက လဲ ဗျာ သူမှားတာ ကျ မမေးဘူး''

ရှင်သန်ရာ ထိုသို့ ပြောသည် နှင့် မေမေ့ လက်က သူ့ခေါင်းအား တစ်ချက် ခေါက်လာလေရဲ့။

ခွက်.ကနဲမြည်အောင် ခေါက်လိုက်သော မေမေသည် အလွန် လက်သံ ပြောင်လှပါသည်။

     ''အာ့....  အမေကလည်း....  ''

   '' ငါက မလဲ ဘူး ငါက...လည်းဆို နင်က နွား ပေါ့.....''

        ''ဟာ အမေက လဲ တော်ပြီဗျာ..... ''

ရှင်သန်ရာ အမေ့၏ စကားကြောင့်ငြီးငြူစွာပြောမိရင်း ထိုလူ့အား အကိုကြီးနှင့်အတူ သူ၏အခန်းထဲသို့ဆွဲခေါ်သွားလိုက်သည်။

ထို့နောက် အခန်းထဲရောက်တော့  အကိုကြီးက သူ့အား သက်ပြင်း တစ်ချက်ချ ၍ သူ့အား ကြည့်လာခဲ့သည်။

        '' ဟူး အငယ်ကောင်.....''

     ''ပြောလေ အကိုကြီး...''

ကျော်ကြီး လည်း သူ့ရှေ့က အငယ်ကောင်အား ကြည့်ရင်း ပြောလိုက်သည်။

     ''မင်း ငါ့သူငယ်ချင်းကိုအဲ့ လို မဆက်ဆံပါနဲ့ကွာ....ငါ့သူငယ့်ချင်း က မင်းကို တကယ်ကြိုက်ပါဟ....''

  ရှင်သန်ရာ တကယ်ပင် သေချင်စော်နံနေပြီ ဖြစ်သည်။ ကိုယ့် အကိုက အစ ကိုယ့်ကို ကြိုက်နေတဲ့ သူကို ထိုသို့ မဆက်ဆံနှင့်တဲ့ လေ..။ တကယ်ပါ ။ မသိရင် ကိုယ်က သူ့ညီအရင်း မဟုတ်တာ ကျနေရော ဘဲ... ။ဟွန့်...။

ကျော်ကြီးလဲ သူ့ရှေ့၌ နှုတ်ခမ်း ဆူ နေသော သူ့ညီအား ကြည့်ရင်း ရယ်လိုက်မိကာ စလိုက်မိသည်။

''ဒီမယ်  ချစ်ရအောင်'' (ongoing)Where stories live. Discover now