Part 9

408 43 0
                                    

      ''ကျုပ်လုပ်ရင် တော့ခင်များ သေတော့မယ်''

             ''သားငယ်...''

ထိုငမြောက်ငခြောက်လူအား ပါးတေချည်း ပိတ်ရိုက်ပစ်ချင်သည်က တော့ အမှန်ပေ။ အဘယ့်ကြောင့်ဆိုသော်..သူ့မာတာ မွေးမိခင်ကြီးက သူ့ဘက်က မဟုတ်ဘဲ ထိုငရူး ဘက်မှ ဝင်ပြောပေးသောကြောင့် ဖြစ်သည်။

        '' သားငယ်... အိမ်ထဲ ဝင်... ဟိုကောင် မင်းကတော့ ပြန်တော့....''

     '' ဒီမှာဘဲ အိပ်လို့ မရဘူးလား...''

  ''ဟာ...ဒီကောင် လာစမ်း မင်းသေတော့ မယ်..''

''ဟျောင့်.... မပြေးနဲ့ စမ်း...လာစမ်း...ပါ'''

သူထိုသို့ ပြောတော့ သူကြီးက သူ့အိမ်ထဲသို့ပြေးကာ  နှစ်လုံးပြူး သေနတ်အား သွား ယူ သည် မို့
ချစ်ရအောင် လည်း ခါးတောင်းကျိုက်ကာ ပြေးရတော့သည်။

ရှင်သန်ရာသည်လဲ  ဖခင်ဖြစ်သူအား ချစ်ရအောင် ပြောသည့်စကားများကြောင့် ကြက်သေသေမိပြန်သေးသည်။

အား....ဒီအရူးကတော့ ဘလို တေများ အဖေ့ကို ပြောနေရသလဲ ။

ချစ်ရအောင်လည်း သူ့အား ဒေါသတစ်ကြီးနဲ့ ပြောသောသူကြီးကြောင့်ပြေးနေရသည်။မပြေးလို့ လည်း မရပေ။ မပြေးဘူးဆိုလျှင် သူသေရတော့ မည်လေ။ သူမသေချင်သေးပေ။ သူ့အသည်းအသက်လေး ကို ပိုင်ဆိုင်ခွင့် ပင်မရသေးကြောင့်ဖြစ်သည်။

သူကြီး လည်း တော်တော်စိတ်တိုနေပြီဖြစ်သည်။ ဒီကောင်က သူ့သားအား ကြိုက်နေသည် မှာ မည်သူမှ မပြောလျှင်ပင် သူသိသည်။ သူ့သားက လက်ခံလျှင်သူ လည်း လက်ခံ ပေးလိုက်မည်ဖြစ်သည်။ သို့သော် အဲ့အကောင်က သူ့အား

  '' ''ဟင့်အင်းမလာဘူး.ကျုပ်က ချစ်လို့ စတာလေ သူကြီးရယ်..''

ထိုသို့ပင် ပြေးရင်း ပြောသေးသည်။ ဒါက ယောက္ခမ ကို ပြောသင့်သော စကား လား ။ရိုသေလေးစားမှုဆိုတာ ရှိသင့် သည် မဟုတ်ပါလော။

ထိုအချိန်ဖခင်ဖြစ်သူဆီမှ ထွက်ပေါ်လာသော စကားကြောင့် ရှင်သန်ရာ မှ နှုတ်ခမ်းဆူနေမိသည်။

     ''ဟင်း...ရှင်သန်ရာ ကြပ်ကြပ်သတိထား နော်''

   '' အဖေက လဲ ကျုပ် ဘာလုပ်နေလို့လဲ ဗျာ..''

''ဒီမယ်  ချစ်ရအောင်'' (ongoing)Where stories live. Discover now