Part5

632 74 15
                                    

ချစ်ရအောင် ဒီနေ့နဲ့ ဆို အိမ်အပြင်ကို မထွက်ရတာ ၃ရက်လောက်ကို ရှိနေပါသည်။ အပြင်ထွက်လို့လဲ မရပေ။ လမ်းလျှောက်လိုက်တိုင်း သူ့ရဲ့ အဟွာက နာနေသည်လေ။လမ်းလျှောက်လိုက်တိုင်း မျက်နှာရှုံ့မဲ့နေသည်ကိုအဖေက မြင်တော့

''နည်းတောင် နည်းသေးတယ်ကွာ..''

' 'အဖေက လဲ ဗျာ ...''

''ဟျောင့် မင်းကိုယ်က အသုံးမကျတာလေ..ဘယ့်နှယ်ကွာ...လောက်စလုံးနဲ့ အပစ်ခံရတယ်လို့ မကြားဖူးပေါင်....''

''အခု ကြားဖူးရင် ရတာဘဲ လေဗျာ....''

သူလဲ အဖေ့ အား ပြန်ခံပြောလိုက်သည်။အခုတော့ အနည်းငယ်သက်သာ နေပြီ မို့ သူ့အသဲအသက်အိမ်သို့ လူပျို လှည့်မည် ဖြစ်သည်။

သူကိုယ့်ကို အနံ့ နမ်းကြည့်လိုက်မိတော့ အနည်းငယ် ချွေးများစို့ နေသောကြောင့်အဝတ်အစားများယူကာရွာအနီးရှိ မြစ်ချောင်း သို့ သွားမည်ကြံတော့ အိမ်နောက်ဖေးက အမေက သူ့အား မျက်စောင်းထိုးခဲ့လေသည်။

''နင်ဟာလေ တကယ် အချစ်ရူး ရူးနေတာများလား အောင်ကြီးရယ်...အိမ်မှာဘဲ ချိုးနေကျပါ အခုတော့ မြစ်မှာတောင် ရေသွားချိုးမလို့လားဟဲ့..''

''အမေနော်...မသိ ဘဲနဲ့မပြောပါနဲ့ အမေ့သမက် ကို ပိုးရတာ မိန်းက လေး တေထက် အတော်လေး ခက်တယ် ဗျာ့.... ''

''ဟဲ့ နင့်ကိုငါက ပိုးပါလို့ ပြောသလား
နင့်ဘာသာနင် ကြိုက်တာက အလုံးလေ အပြားမှ မဟုတ်ဘဲ...''

အဖေနှင့်အမေက သူကြိုက်နေတဲ့သူက ဘသူဆိုသည်ကိုပေါ့... ။သို့သော်မတားပေ။ ကိုယ်ချစ်တဲ့သူ ဘဲ သားအဆင်ပြေသလို ရွှေးခွင့် ရှိသည်ဟု သာ ပြောသည်။

''ဟာ အမေရာ တိုးတိုး ပြောအုံး.. ယောက်ခမကြီး သိရင်တော့ သား ထိပ်တုံးစာ မိမှာဗျ..''

ချစ်ရအောင်လဲ အမေ့အား တိူးတိုး ဆိုသည့် ဟန် ဖြင့် ပြောကာ မြစ် ချောင်း ဆီသို့ သွားနေရင်းက
သူ့အရှေ့က အချစ်လေး ရှင်သန်ရာ က ရေကူးနေလေရဲ့။

ပိန်ပိန်ပါးပါးခန္ဓာကိုယ်လေးက ဖွေးဖွေးစွပ်စွပ်လေး နှင့် ရယ်လိုက်တိုင်း မျက်လုံးလေးများ က မှိတ်ကျသွားသည် မို့ အဝေးက မြင်လဲ သူ့အသက်မှန်း သူသိပါသည်။

''ဒီမယ်  ချစ်ရအောင်'' (ongoing)Waar verhalen tot leven komen. Ontdek het nu