" အီဂျောင်ရာ တော်တော့ "

" အာ... daily life fashion မှာတော့ အမြင်မရှိတဲ့ ဂင်မ်ထယ်ရယ်ဆိုတဲ့ဟာလည်း တလောကတွေ့လိုက်တယ် "

ထယ်ရယ် အီဂျောင့်လက်မောင်းကို တစ်ချက်ရိုက်မလိုပြင်ပြီးမှ ဘေးက ကားမောင်းပေးနေတာကိုသတိရသွားပြီး လက်ကိုပြန်ရုတ်လိုက်သည်။

နေ့စဉ်ဝတ်တွေမှာ designer သူငယ်ချင်းရှိတာကိုမှမထောက် ဖက်ရှင်အမြင် သိပ်မကောင်းတဲ့ထယ်ရယ်က ရယ်တော့ရယ်ချင်စရာ။

ဒီလို ကြီးကြီးမားမား ပွဲရှိတဲ့နေ့ဆိုရင်တော့ artist နဲ့ ဟန်နဲ့ လိုက်ဖက်အောင် band ကလည်း ဝတ်ပေးရသည်။ အထူးတလည်မဟုတ်ရင်တော့ အနက်ရောင် တီရှပ်နဲ့ ဂျင်းဘောင်းဘီလောက်ဆို အဆင်ပြေပြီ။
ထယ်ရယ့် လည်ပင်းမှာ ရှိနေတဲ့ choker အနက်ရောင်နဲ့ လက်ကောက်ဝတ်က ချိန်းကြိုးလေးတွေကို ကားပေါ်မှာပဲ ချွတ်ကာ လွယ်အိတ်ထဲထည့်ထားလိုက်၏။
hair spray တွေမှူတ်ထားရတဲ့ ဆံပင်ကိုလည်း မြန်မြန်ခေါင်းလျှော်ပစ်ချင်လှပြီ။ မျက်နှာပေါ်က ခပ်ပါးပါး makeup နဲ့ မျက်လုံးထောင့်ရှိ ခပ်မှိူင်းမှိူင်း အရောင်တင်ထားမှူလေးတွေက ထယ်ရယ်နဲ့တော့ လိုက်ဖက်ပါသည်။
concert မှာ ဂစ်တာတီးရတာလည်း အတော်တော့ပင်ပန်းသည်လေ။

" ဒီလို မှန်းသိ drummer လုပ်ခဲ့ပါတယ် အနည်းဆုံးတော့ ထိုင်ရတာပေါ့ " ဟုလည်း စိတ်မကူးရဲ ။

ထယ်ရယ့်အကြောင်းကိုသိတဲ့ အီဂျောင်ကလည်း အိမ်မြန်မြန်ရောက်အောင် ဖြတ်လမ်းကနေ မောင်းလျက်။

နှစ်ယောက်သား ရယ်ရယ်မောမောပဲ အိမ်ကိုရောက်တာနဲ့ ထယ်ရယ့်ကို ထပ်ဆောင်းချီးကြူးဖို့ လူရှစ်ယောက်က အသင့်စောင့်နေမယ်ဆိုတာသိပါသည်။

ခြံထဲကို ဝင်ပြီးနောက် အိမ်တံခါးကြီးဖွင့်လိုက်တာနဲ့ " ထယ်ရယ်ရေ " ဆိုတဲ့ အသံရှည်ကြီးက အထူးအဆန်းမဟုတ်တော့ပါ။

" မင်း ဒီနေ့ တော်တော်မိုက်တာပဲ "

မက်သျူးက ထယ်ရယ့်ကို ဖက်ရင်း ပြုံးစစနဲ့ ချီးကျူးသည်။ လက်တစ်ဖက်ကတော့ မက်သျူးရဲ့ ခါးကိုဖက်ထားဆဲဖြစ်တဲ့ ထယ်ရယ်က ပါးချိုင့်တွေ ထင်းနေအောင် ပြုံးရယ်ရင်း ဂွန်းဝုကို စကားပြောသည်။

shady☆ [julyz] ✔️Where stories live. Discover now