💛 21 💛

264 26 2
                                    

Part (21)

“ ဟေ့! မွေးနေ့ရှင်က အိပ်ပုတ်နေလို့ ဘယ်ဖြစ်မလဲ ....... ”

Chanyeol အိပ်နေတဲ့ ကလေးလေးရဲ့ နားကို ကပ်သွားရင်း လေသံတိုးတိုးနဲ့ ထပ်ပြောမိတော့ ဆတ်ခနဲ မျက်လုံးဖွင့်ကြည့်လာလေသည်။

“ ဟင်? ဒယ်ဒီ.....? ”

ကြောင်တောင်တောင် မျက်လုံးလေးတွေက အရင်ကထက် ကျယ်၀န်းနေသယောင်.........
ပတ်၀န်းကျင်အနေအထားကို လှည့်ပတ်ကြည့်ရင်း အိပ်မှုန်စုတ်ဖွားနဲ့ ကလေးငယ်က အတွေးများနေသလို..........

Chanyeol ပါးချိုင့်တွေ ပေါ်အောင် ပြုံးပြလိုက်တော့ အိပ်ချင်မူးတူးကလေးငယ်က မျက်မှောင်တွေစုကျုံ့လိုက်သည်။

“ အာ ~ အိပ်မက်ထင်တယ်...... ဒယ်ဒီက ဂျပန်မှာကို ...... ”

အူတူတူ စကားတစ်ခွန်းထွက်လာပြီးနောက်မှာ သူ့ခေါင်းသူထုရင်း ပြန်အိပ်ရန်ပြင်နေတဲ့ကလေးငယ်ကြောင့် Chanyeol ရယ်မိလိုက်တော့သည်။

“ အိပ်မက်ဟုတ်မဟုတ် ....... ဒီလိုဆို သိမလား? ”

“ ဟင်....... အွန့် ~ ”

ပြန်အိပ်ဖို့ ပြင်နေတဲ့ ကလေးလေးကို အူယားစွာ အိပ်ယာထက် အုပ်မိုးလို့ အနမ်းတွေခြွေမိတော့သည်။

နှုတ်ခမ်းသားနုနုလေးက လှုပ်ရှားမှု မရှိသေးသော်ငြား Chanyeol နောက် အသာတကြည်လိုက်ပါနေတာကြောင့် ခပ်ပြင်းပြင်းစုပ်ယူမိသည်။

“ ကဲ...... အိပ်မက်လို့ထင်သေးလား? ”

အနမ်းတွေရပ်စဲလိုက်ပြီး မျက်၀န်းလှလှလေးကို ကြည့်ရင်းပြောလိုက်တော့ တအံ့တဩကြည့်လာတဲ့ ချစ်စရာလူသားလေး......

“ ဒယ်ဒီ ~ တကယ်ပဲ ဒယ်ဒီ !! ဂျပန်မှာရှိနေရမှာ ဟုတ်ဘူးလား? ”

“ ဟုတ်ပါ့ဗျာ ကျတော် ဂျပန်မှာ ရှိနေပါတယ်ဗျ !! ကျတော့် ချစ်သူလေးနဲ့ တူတူပေါ့ ”

နှာခေါင်းလုံးလေးကို တို့ထိရင်းပြောတော့ ပတ်၀န်းကျင်တဝိုက် ထပ်မံဝေ့ကြည့်လာပြန်လေသည်။

“အခု...... အဲ့ဆို ကျတော်ရော ..... ဂျပန်မှာပေါ့ ”

“ ဒါပေါ့...... ဂျပန်နိုင်ငံ ၊ အိုဆာကာ မြို့တော်သို့ ရောက်ရှိနေကြောင်းပါ ...! ”

𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) CompletedWhere stories live. Discover now