💛 13 💛

299 37 6
                                    

Part (13)

သာယာတဲ့ မနက်ခင်းလေးတစ်ခုမှာ Baekhyun တတ်ကြွမိနေတာက ဘာကြောင့်များလဲ??

ဆံပင်ဝါနုနုလေးတွေကို Hair coat နဲ့ စနစ်တကျ လိမ်းပြီးတဲ့နောက်မှာ အပြာနု၀မ်းဆက်နဲ့ Baekhyun ဟာ မှန်ထဲမှာ သိပ်ကို ကြည့်ကောင်းလှသည်။

ဒီနေ့ ဒယ်ဒီနဲ့ တူတူ Baekhyun ဟာ ကုမ္ပဏီကို လိုက်သွားရမှာမို့ပင် !!

စွပ်ကျယ်ပုံစံ လက်ပြတ်လေးအပေါ်မှာ ထပ်၀တ်ထားတဲ့ အင်္ကျီပွပွ တစ်ထည်နဲ့အတူ ဘောင်းဘီ ရှည်ကို တွဲ၀တ်ထားတဲ့ Baekhyun ဟာ သိပ်ကိုပေါ့ပေါ့ပါးပါးဖြင့် လူငယ်ဆန်လှသည်။

အကုန်ပြင်ဆင်ပြီးတဲ့ နောက်မှာ Baekhyun လှေကားပေါ်က ‌ပြေးဆင်းကာ ဆိုဖာပေါ် ထိုင်နေတဲ့ ဒယ်ဒီ့ရှေ့သွားပြီးရပ်လိုက်ကာ တတ်ကြွစွာပြောလိုက်၏။

“ အဆင်သင့်ဖြစ်ပါပြီ ဒယ်ဒီ ! ”

ထိုအခါ ဆိုဖာပေါ် ခြေချိတ်ထိုင်နေတဲ့ ဒယ်ဒီက Baekhyun တစ်ကိုယ်လုံး ကို မမှိန်မသုတ်ကြည့်ကာ ...........

“ ကလေး!! ဒါက ဘာပုံစံလဲ?? ဟို....... Play boy လား ဘာလား...? အဲ့လိုစတိုင်နဲ့...! နောက်ပြီး ရင်ဖတ်က နည်းနည်းစိတာလေး ၀တ်သင့်တယ်။ မဖြစ်ဘူး...... မဖြစ်ဘူး..... ဒါကြီးက ကလေးနဲ့ အရမ်းကြည့်ကောင်းနေတာ။ ပြန်လဲလိုက်ပါလား? ”

ဒယ်ဒီပြောလာတဲ့ ပုံစံကြောင့် Baekhyun ကိုယ့်ပါ့ကိုယ် ကြောင်တောင်တောင်ဖြင့် ငုံ့ကြည့်မိသည်။ အခုပြောသွားတာက Baekhyun နဲ့ မလိုက်လို့ ပေါက်ကရတွေ ၀တ်လို့ ပြန်လဲရမှာမဟုတ်ဘဲ ကြည့်ကောင်းလွန်းလို့ တဲ့လား...?

“ ဒယ်ဒီ ဘာဖြစ်လို့လဲ? ဒီပုံစံက.......! ကျတော်လည်း တွေ့တာ ၀တ်လာလိုက်တာကို”

“ ဟင့်အင်း...... တအား ကြည့်ကောင်းနေပြီး ကလေးက ဆွဲဆောင်မှုရှိလွန်းနေတယ် ။ ဒီလိုမျိုး ၀တ်သွားလို့မဖြစ်ဘူး လဲလိုက်။ ”

ထိုစကား ကြောင့်မှ Baekhyun နည်းနည်း နားလည်မိသည်။ Baekhyun နဲ့ ချောမောနေတဲ့ ဒီပုံစံနဲ့ ဒယ်ဒီက အပြင်မသွားစေပုံရသည်။ ထိုအခါမှ Baekhyun ခွိခနဲ ရယ်လိုက်မိပြီး........

“ ဟိ ~ ဟုတ်ပါပြီ။ ဒယ်ဒီကတော့ တကယ်ပါပဲ”

ပြောပြီးတဲ့နောက် အပေါ်ပြန်တတ်ကာ အိမ်မှာနေနေကျလိုမျိုး ရိုးရိူရှင်းရှင်းပဲ အင်္ကျီပွ လက်ရှည်နဲ့ ဘောင်းဘီတိုလေးသာ ၀တ်ဖို့ ပြင်လိုက်တော့သည်။

𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) CompletedWhere stories live. Discover now