💛 18 💛

296 32 15
                                    

Part (18)

“ Kyung Soo yah!! ”

Baekhyun ဆိုင်ထဲ ၀င်၀င်လာချင်း ထောင့်နားက ဝိုင်းမှာ ထိုင်နေလေတဲ့ Kyung Soo ဆီသို့ အပြေးလေးသွားလိုက်သည်။

“ အင်း..... Baekhyun ah လာ !! ”

Kyung Soo က အပြုံးလေးတွေနဲ့ တုံ့ပြန်တော့ Baekhyun လည်း စားပွဲဝိုင်းတွင်သာ ၀င်ထိုင်လိုက်သည်။

“ Aigoo ...... ငါတို့ Kyung Soo က ပြည့်လာလိုက်တာ !! ”

အရင်ကထက် အနည်းငယ် ဖောင်းနေတဲ့ Kyung Soo ပါးလေးတွေကို ကြည့်ရင်း Baekhyun ပြောတော့ Kyung Soo က ပြုံးသည်။

“ မင်းကကျ လုံးကစ်လာတာ !! ”

Kyung Soo စကားအဆုံး နှစ်ယောက်သားပြိုင်တူ ရယ်မိကြ၏။ ကိုယ်စီ လက်တွဲဖော် ရရှိပြီးနောက်ပိုင်းမှာ သူငယ်ချင်း နှစ်ယောက်လုံးက စိတ်ချမ်းသာစွာ နေထိုင်နေရသည်မှာ မေးစရာမလိုအောင်ပင် သိသာ ထင်ရှားလာရသည်။ ချစ်သူရ ကံကောင်းတဲ့ သူတို့နှစ်ယောက်ဟာ အပြည့်အ၀ ဂရုစိုက်ခံရမှုတွေကြား ကိုယ်စီ ‌ပီတိအပြည့်ဖြင့် !!

“ ဦး Jong In နဲ့ သွားမနေသေးဘူးလား မင်းက ”

Jong In ၀ယ်ပေးထားတဲ့ ကွန်ဒိုမှာပဲနေရင်း အချိန်ပိုင်း အလုပ်မဟုတ်ဘဲ Jong In ကုမ္ပဏီတစ်ခုမှာတင် အခြေကျတဲ့ အလုပ်တစ်ခု ရနေတဲ့ Kyung Soo က ခုချိန်ထိ သီးသန့်နေနေတာမို့ Baekhyun မေးကြည့်ခြင်းဖြစ်သည်။

“အင်း..... ဦး ကတော့ခေါ်ပေမယ့် ငါဦး မိသားစုကို ရင်မဆိုင်ရဲသေးဘူး။ မေမေ့ကိုတောင်မှ အလုပ်နဲ့ အကြောင်းပြထားတာ မင်းသိရဲ့သားနဲ့ ! နောက်ပြီး ငါ့အိမ်ကို ထောက်ပံ့ဖို့ ဦးကို ၀န်မပိစေချင်ဘူးလေ ”

အအေးပိုက်လေး ကိုက်လို့ နားထောင်ရင်းပင် Kyung Soo ပြောသမျှကို Baekhyun ခေါင်းတငြိမ့်ငြိ့မ့်ဖြင့်သာ ........
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်သူငယ်ချင်း အဆင်ပြေဖို့က အရေးကြီးတာမို့ Baekhyun ဆက်မပြောဖြစ်တော့ !!

“ ဘာနေနေ ဦး Jong In က သိပ် ချစ်၊ သိပ်ဂရုစိုက်တယ် မလား ”

“ မင်းကလည်း အဲ့လောက်ကြီးလည်း ဟုတ်ပါဘူး ”

ရှက်သွေးဖြာသွားတဲ့ Kyung Soo က အရင်တိုင်း မျက်နှာလေးတွေရဲလာပြီး ချစ်ဖို့ကောင်းတုန်း!!

𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) CompletedWhere stories live. Discover now