💛 4 💛

496 62 6
                                    

Part (4)

ဆိတ်ငြိမ်ရပ်ကွက်ဆိုတဲ့ အတိုင်း သာယာသော မနက်ခင်းလေးဟာ ကျေးငှက်သံသာမှ လွဲ ဆူညံ့မှု အတိငြိမ်းနေ၏။

Chanyeol ခြံတံခါး ဘဲလ်ကို နှိပ်လိုက်တော့ အထဲမှ ခြံစောင့်က Chanyeol အား နှုတ်ဆက်ရင်း တံခါးလာဖွင့်ပေးလေသည်။

“ မောနင်းပါ သူဌေး ! သူဌေးကတော့ အမြဲ တတ်ကြွနေတော့တာပဲ ”

မနက်ပိုင်း Jogging လုပ်ပြီးပြန်လာတာကြောင့်အားကစားအင်္ကျီနဲ့အတူ နဖူးထပ် ချွေးအနည်းငယ် စို့နေတဲ့ Chanyeol ကို ကြည့်ကာ ပြောလာသည်မို့ Chanyeol လည်း ခပ်ရေးရေးပြုံးလိုက်ပြီး ...........

“ အသက်အရွယ် ရလာပြီဆိုတော့ ကျန်းမာရေးလိုက်စားရတာပေါ့ဗျာ ”

“ ဒါကြောင့်လည်း နုပျိုနေတာလေ! ”

“ ဟား...ဟားး မြှောက်လွန်းပြီဗျာ! ကျတော့်ကို Juice တစ်ခွက် လာပို့ခိုင်းလိုက်ပါဦး”

“ ဟုတ်ကဲ့ သူဌေး ”

မနက်စောစော နေ့တိုင်း လေ့ကျင့်ခန်း လုပ်ပြီးတိုင်း အသီးဖျော်ရည်တစ်ခွက်ခွက်သောက်တတ်တဲ့ အလေ့အကျင့်ကြောင့် Chanyeol ခြံထဲက ပန်းခြံထဲရှိ အပန်းဖြေထိုင်ခုံလေးတင်ပဲ ထိုင်လိုက်သည်။

ဒီနေ့က အားလပ်ရက်မို့ မနက်ပိုင်း အလုပ်ကိစ္စတွေရှင်းလင်းပေမယ့် နေ့လည်ပိုင်းလောက်‌တော့ အိမ်ခြံမြေနဲ့ ပတ်သတ်ပြီး စစ်ဆေးစရာ ရှိတာ စစ်ဆေးဖို့လိုသည်။

ရင်းနှီးမြုပ်နှံမှုတွေ အများအပြားရှိတိုင်း လုပ်ငန်းတွေ အဆမတန်တိုးချဲ့တတ်ပေမယ့် ဘယ်အလုပ်မှတော့ Chanyeol အနေနဲ့ လက်လွတ်သည်မရှိအောင် ဂရုတစိုက်လုပ်တတ်သည်။

သို့သော် ...... ဒီလို မနက်ပိုင်း အချိန်လေးကိုတော့ Chanyeol ရဲ့ Leisure အဖြစ်သတ်မှတ်ပြီး အလုပ်ကိစ္စတွေ မတွေးဘဲ ခေါင်းရှင်းရှင်းနေတတ်သည်။

ဒါပေမယ့် ဒီရက်ပိုင်းတွင်းမှာမှ Chanyeol ဦးနှောက်ကို အနားမပေးတဲ့ အကြောင်းအရင်းလေးတစ်ခုက ၀င်၀င်နှောက်ယှက်တတ်သည်။

မျက်၀န်းကျဉ်းကျဉ်းတွေ မှေးမှိတ်သွားသည်အထိ ပြုံးတတ်တဲ့ နှုတ်ခမ်းပါးတွေ .......…...
ပြုံးလိုက်တိုင်း မို့တတ်လာတဲ့ ပါးလုံးလေးတွေ ...........
နူးညံ့‌ ပျော့ပျောင်းနေတတ်ပါသော ဝါနုနု ဆံနွယ်လေးတွေ............

𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) CompletedWhere stories live. Discover now