💛 20 💛

279 28 7
                                    

Part (20)

ဒီနေ့ Baekhyun စာသင်ချိန်ရှိတာကြောင့် အိမ်မှာပဲနေဖြစ်သည်။ နေ့လည်ကျမှ ဒယ်ဒီ့ကို ထမင်းဘူးသွားပို့ရမှာပင် ....... !!

အရင်ကဆို မနက်ကတည်းယူသွားနေကျပေမယ့် နောက်ပိုင်းတော့ Baekhyun အိမ်မှာနေခဲ့တဲ့ အချိန်မျိုးဆို နေ့လည်မှ ဒယ်ဒီ့ ကုမ္ပဏီကိုသွားပို့နေကျဖြစ်သည်။

“ ဆရာ ဒီဟာပြီးပြီ ...! ”

Baekhyun ဆရာ‌လုပ်ခိုင်းထားတဲ့ Alphabet Vocab တွေကို ရေးတာ အပြီးသတ်လိုက်ပြီးဆရာ့ကို ပြလိုက်သည်။ A to Z သင်ထားပြီးသား စာလုံးတွေကို ချရေးရမှာမျိုး!!

“ ဟင်? baekhyuniee.... ဘယ်လိုလုပ် D မှာ Daddy လို့ရေးထားတာလဲ တခြား ရေးစရာတွေ အများကြီးရှိတာလေ Diamond တို့ Dragon တို့ ။ ဆရာဟိုတစ်ခေါက်ကသင်ပေးထားတာကို ”

” ဘာလို့လဲ ဆရာ Daddy ကရေးမရဘူးလားဟင် ”

“ ရ‌တာတော့ ရတယ်လေ ဒါပေမယ့်......”

“ ရရင်လည်း ပြီးရောလေ ဆရာကလည်း .... ဆရာပဲ ကိုယ်ကြိုက်တာကိုယ်ရေး ဆိုပြီးတော့!! ကျတော်ကြိုက်တာ ဒယ်ဒီလေ ဟီး ”

Baekhyun ထိုသို့ ပြောတဲ့အခါ ဆရာက မျက်လုံးပြူး၍ကြည့်လာလေသည်။ ဟုတ်သား........ ဆရာ Kim Jun Myeon ဟာ တစ်ကိုယ်ထီး လူပျိုကြီးပါပင် ...! အားနာစရာဖြစ်သွားတာမို့ Baekhyun ဒီတိုင်းလေးသာ ပြုံးပြလိုက်တော့သည်။

ဘယ်လိုလုပ်မလဲ ။ Baekhyun ရဲ့ နှလုံးသားနဲ့ ဦးနှောက်တွေထဲမှာ ဒယ်ဒီက အချိန်ပြည့်စိုးမိုးထားနေတော့လည်း ခတ်သားလားနော်  !!

စာသင်လို့ ပြီးတာနဲ့ Baekhyun ထမင်းဘူးလေး သေချာထည့်ရင်း Driver ဦးလေးကြီးနဲ့အတူ ဒယ်ဒီ့ကုမ္ပဏီသို့ ချီတတ်တော့သည်။

ထမင်းဘူးလေးထဲက အသည်းပုံသဏ္ဍာန် ရေညှိလိပ်လေးတွေက စီစီရီရီ ။ စတော်ဘယ်ရီ ဖျော်ရည်နှစ်ခွက် ဖျော်ထည့်ပြီးရင်တော့ ဒယ်ဒီနဲ့အတူ စားရမယ့် ဒီ့နေ့နေ့လည်စာလေးက အဆင်သင့်ဖြစ်ပြီ ဖြစ်သည်။

ကုမ္ပဏီရောက်တော့ ၀န်ထမ်းတချို့တလေ‌နဲ့က တော်တော်ရင်းနှီးနေကြပြီမို့ ရယ်ပြ၊ နှုတ်ဆက်ရုံသာမက ဒယ်ဒီ့အတွက် နေ့လည်စာ လာပို့သည်ကိုလည်း စနောက်ကြသည်။

𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) CompletedWhere stories live. Discover now