💛 3 💛

567 63 6
                                    

Part (3)

**ဟူးး**

Laptop ပေါ်လျှပ်ပြေးနေတဲ့ လက်ချောင်းတွေ ရပ်တန့်ပြီးလိုက်ပြီး တပြိုင်နက် Chanyeol ခုံနောက်မှီသို့ ခေါင်းကိုလှန်ကာ မှီချလိုက်၍ သက်ပြင်းချမိသည်။

တစ်ပတ်လုံးလုံး ၀န်ပိသမျှက အခုချိန်မှပဲ ပေါ့လျော့သွားမိတော့သည် ........ !!

အလုပ်ပုံထဲမှ တိုးထွက်ကာ ခဏ တာ ခေါင်းရှင်းပြီးသည်နှင့် အတွေးထဲသို့ ခုန်၀င်လာသော မျက်၀န်းလှလှလေးတစ်စုံ ...........

ရင်ထဲမှာ ဒိတ်ခနဲ ဖြစ်သွားတာမို့ ကိုယ့်ရင်ဖတ်ကိုယ် ဖိကိုင်လိုက်မိသည်။
တစ်ခါခါကျ ကိုယ့်ပါကိုယ်တောင် သံသယ ၀င်မိသည်။ အသက်ကြီးမှ နှလုံးရောဂါတွေဘာတွေ များ ရနေသလား ဟု......

ဘာလို့ဆို ခန္ဓာကိုယ် သေးသေးလေးကို မျက်လုံးထဲ မြင်ယောင်မိတိုင်း နှလုံးသားက အဆမတန် လှုပ်ခုန်တော့သည်။

ထိုနေ့က အံ့ဩဖွယ် ရွန်းဝေနေတဲ့ သူ့ မျက်၀န်း ကျဉ်းကျဉ်း တွေကို မှတ်မိသေးသည်။
ထို့နောက် ကိုယ့်နှုတ်ခမ်းတွေ ဆီသို့ ပြန်ကိုင်ကြည့်မိရင်း အတွေးတစ်ခုနှင့်အတူ ပြုံးမိ၏။

နူးညံ့တဲ့ အထိအတွေ့..........
ချိုမြိန်တဲ့ အရသာ ...........
ရွှန်းလဲ့သော အလှတရား.........

ဒါတွေရဲ့ စုဝေးရာ‌ဖြစ်တဲ့ Baekhyun ဆိုတဲ့ ကောင်လေးရဲ့ နှုတ်ခမ်းပါးလေးကို လွန်ခဲ့တဲ့ တစ်ပတ်ကပင် ကိုယ်တိုင် ထိတွေ့ခဲ့ဖူးသည်။

အတွေးနဲ့အတူ ကြက်သီးတွေက ဖြန်းခနဲ........
မျက်နှာကလည်း ချက်ချင်းဆိုသလို ပူနွေးလာရသည်။

တစ်သက်နဲ့တစ်ကိုယ် နမ်းဖို့မပြောနဲ့ ........ လက်လေးတောင် မကိုင်ခဲ့ဖူးတဲ့ လူပျိုကြီး Park Chanyeol ဟာ ကောင်လေးငယ်ငယ်လေးရဲ့ နှုတ်ခမ်းလေးကို မမျှော်လင့်ဘဲ ထိကပ်ခဲ့မိပါရဲ့လေ ............

ထိုအခါမှ Park Chanyeol တို့ နားလည်တော့သည် ။ ချစ်သူ၊ ရည်းစားတွေ ပြောကြတဲ့ ချိုမြိန်တဲ့ အနမ်း ဆိုတာကို ............

( စာဖတ်သူတွေတော့မသိကြပေမယ့် လူပျိုကြီးကတော့ သိသွားပါပြီ။ လူပျိုကြီး - 1 ရှင်တို့ - 0 )

𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) CompletedWhere stories live. Discover now