{131}

4.1K 680 21
                                    

Unicode





ကျိချင်းကျိုး ငှားထားသည့်အိမ်က မတ်လမှာ သက်တမ်းကုန်မည်ဖြစ်၏။ဝမ်ဖန်းသာ သူနဲ့အတူ အိမ်မှာ တရုတ်နှစ်သစ်ကူးကျင်းပချင်တယ်ဆိုလာရင် နှစ်ကူးမရောက်ခင် ဟိုမှာ ပြန်နေပြီး နှစ်ကူးအတွင်း သူမနဲ့ ဟိုမှာပဲ နေမှဖြစ်လိမ့်မည်။ဘာပဲဖြစ်ဖြစ် ဒီနေရာမှာတော့ နှစ်သစ်ကူးကျင်းပရန် မဖြစ်ပါ။သူနဲ့ချူချန်တို့ နေပုံထိုင်ပုံ သေးသေးလေးကအစ သိသာလွန်းသည်။ကြည့်လိုက်ရုံနဲ့တင် သူမတန်းပြီး ရိပ်မိနိုင်သည်။သူနဲ့ချူချန်ရဲ့ ဆက်ဆံရေးအား ဝမ်ဖန်ကို ပေးမသိချင်ပါ။ဝမ်ဖန်းရဲ့ ကျန်းမာရေးသက်သာလာသည့်အထိ အချိန်ကောင်းတစ်ခုကို သူစောင့်မှရမည်။

ချူချန်ရေချိုးခန်းထဲက ထွက်လာသည့်အချိန် သူတွေးထားတဲ့အကြောင်း ပြောလိုက်သည်။ချူချန်မှာလည်း စောဒကတက်ရန်မရှိ။ယနေ့ခေတ်မှာ လိင်တူလက်ထပ်ခြင်းကို ဥပဒေအရတရားဝင်ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း လူအများစုကတော့ ရှေ့ရိုးစွဲအမြင်တွေထဲ ပိတ်မိနေသေးဆဲဖြစ်ကာ လိင်တူလက်ထပ်ခြင်းအား လက်မခံနိုင်ကြသေး။မိဘတွေကလည်း သူတို့ကလေးက တစ်ခြား လိင်တူတဈ်ယာက်နှင့် ချစ်ကြိုက်နေခြင်းအား လက်ခံရန်ခက်ခဲကြပေသည်။

သူကတော့ သူမိသားစုအား စောစောတည်းက ဝန်ခံပြီးသားဖြစ်သည်။သူ့စိတ်နေစိတ်ထားနှင့် အစောကြီးတည်းက လွတ်လွတ်လပ်လပ်နေချင်သူဖြစ်သောကြောင့်ပင်။ချူမိသားစုအတွက် ဒီကိစ္စကို လက်ခံရန် ဖြတ်ကျော်နိုင်ဖို့ အချိန်သိပ်မယူလိုက်ရ။တစ်ခုကံကောင်းတာက ချူချန်မှာ အင်မတန်ကာကွယ်ပေးတတ်သူ အစ်ကိုကြီး တစ်ယောက်ရှိသည်။စစဖွင့်ပြောလိုက်ချိန်တည်းက ချူရှင်းက သူ့ဘက်မှာ ရပ်တည်ကာ ကိုယ်ချစ်ချင်တဲ့လူကို လွတ်လပ်စွာ ချစ်ပိုင်ခွင့်ရှိကြောင်းပြောပေးသဖြင့် မားတို့ လက်ခံပေးရန် သိပ်တော့မကြာခဲ့။အဲ့လိုမခက်ခဲခဲ့တာကလည်း ပြောရရင် ချူချန်ဘေးမှာ မဟာမိတ်တွေအမြဲတစေရှိနေလို့ပင်။

"မနက်ဖြန် ကိုယ်လိုက်ပို့မယ်" ချူချန်ပြောလိုက်သည်။

"ဟင့်အင်း။ခင်ဗျားကအလုပ်သွားရဦးမှာလေ။ကျွန်တော်ကအိပ်ရာထနောက်ကျမှာ။ရှောင်ချန်းလည်း ဟိုမှာရှိတော့လာခေါ်ခိုင်းလိုက်ပါ့မယ်။ရှောင်ချန်းမှာလည်း ကားရှိတယ်"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now