သူတို့ရဲ့ တွတ်တီထိုးနေသည့် အသံကိုကြားတော့ ချူချန်ကပါ အသံခပ်တိုးတိုးနဲ့ ယောက်ရှိုးယွမ်ကို မေးလာသည်။

“သူ မင်းအိမ်ကိုပြောင်းလာပြီလား?”

ရှောက်ရုံက မျက်လုံးတောက်ကြီးများဖြင့် ယောက်ရှိုးယွမ်ကိုကြည့်၏။

“ဘာတွေတုန်း။ငါအတန်းကျော်ကုန်တာလား? သူကဘာလို့ မင်းအိမ်ကို ပြောင်းလာမှာလဲ?”

သူတို့က လူအုပ်စွန်းမှာ ရပ်နေတာဖြစ်သလို အသံတိုးတိုးလေးဖြင့် ပြောနေကြခြင်းဖြစ်၍ ကျိချင်းကျိုးနဲ့စကားပြောနေသည့် ယင်းနျန်က သူတို့ပြောနေတာကို မကြားရပေ။

ယောက်ရှိုးယွမ်က ရှောက်ရုံအား စိတ်လေသလိုကြည့်သည်။

“ထန်ယွီက... မဟုတ်သေးဘူး... အဲ့အမှိုက်က လမ်းခွဲပြီးတာတောင် သူ့နောက် ပါစတာလို လိုက်ကပ်နေသေးတယ်လေ။သူက အနုပညာရှင်ပေါက်စလေးဆိုတော့ ထန်းယွီခြေထောက်အောက်ကနေ မလွတ်နိုင်ဘူး။သူဘယ်နေရာသွားသွား ထန်းယွီက ရှာနိုင်နေတာ။ကျိုးကျိုးနဲ့အားချန်တို့ လမ်းခွဲကြတော့ ကျိုးကျိုးက သူနဲ့ပဲသွားနေတာဆိုတော့ အားချန်က သူ့ကျေးဇူးတင်မှုကိုပြတဲ့အနေနဲ့ ထန်းယွီတောက်လျှောက်လိုက်ကပ်နေတာတွေ ရပ်တန်းကရပ်ဖို့ သူ့ကိုငါ့နေရာမှာနေဖို့ပြောလိုက်တာ”

ရှောက်ရုံ ခေါင်းညိမ့်လိုက်သည်။

“အင်းပေါ့။အန်းမင်နဲ့ချင်းရွှယ်က အိမ်မှာနေကြတာ။ငါ့အိမ်ကျတော့လည်း ကျင်းကျင်းက တစ်ခါတစ်လေလာလာနေတော့ မသင့်တော်ဘူး။ဒီတော့ မင်းအိမ်ပဲ အဆင်ပြေတယ်။ အိုကေတယ်နော် ကိုယ်ရံတော်လေး~~~”

“ငါလည်း ကောင်းတာလုပ်ပြီးပြီဆိုတော့ ပြောရရင် ချီးကျူးခံသင့်တယ်ကွာ။ဟုတ်တယ်မလား?”

“ယွမ် သုံးသောင်း”

ဒီကိစ္စနဲ့ပတ်သက်ပြီး ချူချန်မှာ အတွေ့အကြုံရှိ၏။

“ရဲ့ရင့်ပြီးအမှန်တရားဘက်တော်သားအနေနဲ့ အများဆုံးဆုကြေးငွေက ယွမ်သုံးသောင်းပဲ။သူ့ကိုသာ ကောင်းကောင်းဂရုစိုက်ပေး။အစိုးရကိုယ်စား ငါ မင်းကို ဘောနပ်စ်ပေးမယ်”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now