Part-1

5K 167 9
                                    

       ''ချစ်ရအောင်ရေ... သားရေ ငါ့ကိုဒီလောက်ဘဲ ဒုက္ခ ပေးရုံဘဲ ကျေနပ်စမ်းပါဟ... ''

ဟိုဘက်ရွာကို မသွားပါနဲ့ မသွားပါနဲ့ ရန်ဖြစ်မာစိုးလို့ ပါဆို တာကို သူ့သား သတောင်းစားလေးက သွားလေသည်လေ.။အဲ့တော့ရန်ဖြစ်တော့ သူကြီးက သူ့သားကို ထိပ်တုံးခတ်တော့ ပြန်လွတ်ပေးရန် ပြောလာပြီး အိမ်ရှေ့မာ ထိုင် ၍ ဆုံးမ နေခြင်းဖြစ်သည်..။

ဦးရာဇာ လဲ သူ၏တစ်ဦးတည်းသောသားအား ဆုံးမ နေရသည်..ဒါတောင် ဒီနွားက နားမလည်ဘူးလေ ။

     ''အဖေရာ.. သားကို အဲ့လို မဆူပါနဲ့ ဟဲဟဲ ''

       ''  အာ့ အဖေက လဲ နာတယ်ဗျ ''

မျက်ခွက်ပြောင်နေသော သားဖြစ်သူအား ဘေးနားက သူ့မိန်းမ ချထားသော ရေနွေးအိုးခရား နဲ့ လမ်းပေါက်မိ သည်။ ထို့ နောက် အိမ်ရှေ့ သစ်ပင် ရှေ့ နားက ကွပ်ပျစ်ကို လာသော သူ့မိန်းမ က သူ့အားပြောနေကျ စကား ပြန်ပြောလေ သည်..။

      ''ကိုရာဇာ ရယ် ရှင့်မလည်း မနိုင်တဲ့ ဝန်ကို ထမ်းနေသလို ပါဘဲ လား ပြောလို့ မရပါဘူး ဆို လွတ်ထားပေးလိုက်လေ  မဆူ ပါနဲ့ ကလေး ကို.''

သူ့မိန်းမ က ပြောလဲ ပြော မျက်စောင်းလဲ ထိုးသေးသည်။သားကို စပ်စပ်မှအထိမခံတဲ့ သူ့မိန်းမပါ။

ဦးရာဇာ မျက်နှာမှဲမှောင်နေလေပြီ။ဒီနွားလေးကြောင့် သူ့မိန်းမက သူ့ကို အမြင်မကြည်လေတော့.. ။

ချစ်ရအောင်လည်း သူ့အဖေ မျက်နှာအားကြည့်ကာ ရယ်ချင်လာလေသည် ။သို့သော်ယခုအချိန်ရယ်လျှင် အိမ်ပေါ်က ခေါင်းနှင့်ဆင်းရမည်ဆိုးသောကြောင့် ရယ်ချင်သောစိတ်ကို ထိန်းထားရသည်လေ။

အဖေက အိမ်ထဲ သို့ ခြေလမ်းကျဲများနှင့် ဝင်သွားလေသည်။သေချာသည်က အဖေ စိတ်ကောက်နေလေပြီ။

ထို့နောက်အမေက သူ့အား ပြုံးပြကာ   ပြောလေသည်။

  '' ကဲ  ..  ..သား ချစ်ရအောင်  သားအဖေကို ချော့လိုက်အုံး မင့်အဖေ စိတ်ကောက်နေတယ်..''

    ''ဟုတ်ကဲ့ အမေ...''

အမေ့အား ခေါင်းတစ်ချက်ငြိမ့်ရင်း ပြောလိုက်သည်..။ သူသည် အမေ့စကား ဆိုလျှင် အလွန်ပင် နားထောင် တတ်သည်လေ။ထို့နောက် အဖေရှိရာသို့....... လျင်မြန်စွာ သွားလေတော့ သည်။

''ဒီမယ်  ချစ်ရအောင်'' (ongoing)Where stories live. Discover now