အပိုင်း(၃၅.၁)

Start from the beginning
                                    

တကယ်တော့ အတွင်းစိတ်ရှိမကောင်းဆိုးဝါးရဲ့ လှုံ့ဆော်မှုမပါရင်တောင် သူမကို ကယ်တင်ဖို့ရွှမ်းရန်ဆုံးဖြတ်ပြီးသားပါ၊ ဒါပေမယ့် အတွင်းစိတ်ရှိမကောင်းဆိုးဝါးရဲ့နောက်ထပ်သွေးထိုးစကားကိုတော့ နားယောင်လို့မဖြစ်၊ မြေပြင်ပေါ်ရှိလူများမှာလည်း သူကို လွန်စွာကြောက်ရွံ့တုန်လှုပ်သောအကြည့်များကိုယ်စီနှင့်ကြည့်နေကြသည်။

ရွှမ်းရန်က အကြည့်ကို ရုတ်သိမ်းလိုက်ပြီး လက်ကိုဝေ့ယမ်းကာ မူရာကျူးအားအဝေးသို့ခေါ်ထုတ်လိုက်သည်။ ထို့နောက် သူ့ရဲ့ ပုံရိပ်များ ချက်ချင်းချင်းမှုန်ဝါးလာပြီး ရောင်ပြန်အလင်းတန်းတစ်ခုလို ပျောက်ကွယ်သွားခဲ့သည်။

မူယွမ်းယွီမှာလည်း ကြောက်ရွံ့စိတ်ကြောင့် ဒူးနှစ်ဘက်က တုန်ရီနေသည်။ ရွှမ်းရန်ပျောက်ကွယ်သွားတော့မှ သူဟာမြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်တော့သည်။ သူ့ရဲ့တစ်သက်နဲ့တစ်ကိုယ် ဒီလိုဖြစ်ရပ်မျိုးကို တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးဘူး၊ အဲ့ဒီလူရဲ့ အကြည့်တစ်ချက်လေးကပင် တောင်ကြီးတစ်လုံးဖိထားခံရသလိုမျိုး ဖိအားကြီးကိုပေးနိုင်ပါသည်။ပြီးတော့ အဲ့ဒီမျက်လုံးတွေက လူသားတစ်ယောက်မဖြစ်နိုင်၊ နတ်ဘုရားတစ်ပါးရဲ့အရှိန်အဝါအပြည့်နှင့်ပင်...

သူတို့အားလုံးဟာ ရွှမ်းရန်ရဲ့အနေအထားအမှန်ကို မသိကြသည့်တိုင် ဘယ်သူကမှ ထိုသူ့ရှေ့တွင် ခေါင်းမမော့ဝံ့ရဲကြဘဲ မြေပြင်ပေါ်တွင် ဝပ်တွားပေးခဲ့ကြလေသည်။

အချိန်အတော်ကြာပြီးနောက်၊ ရွှမ်းရန်ပြန်ပေါ်မလာတော့တာသေချာပြီဆိုမှ မူယွမ်းယွီဟာ သူ့ ဇနီးသည်ကို ဂရုတစိုက် ဖေးမလိုက်ပြီး ထိတ်လန့်သွားခဲ့သည်။ ထိုအမျိုးသမီး​ရဲ့ အရိုးများမှာ ကျိုးကြေနေပြီး ဒွါရ(၇)ပေါက်မှလည်းသွေးများယိုစီးနေလေပြီ၊ သူမက အသက်ရှုနေသေးသည့်တိုင် ရှင်လျက်သေနေသောသူကဲ့သို့ မသန်မစွမ်းဖြစ်သွားမှာ အသေအချာပင်ဖြစ်သည်။

မူယွမ်းယွီမှာ သနားဂရုနာစိတ်မဖြစ်မိတော့၊ သူမ အပြစ်နဲ့ သူမလို့သာခံယူလိုက်တော့လေသည်။သူမသာ တနေကုန်ပြဿနာရှာမနေခဲ့လျှင် ဒီလိုအခြေအနေမျိုးရောက်လာစရာအကြောင်းမရှိ၊ မူယွမ်းယွီဟာ သူ့ဇနီးအား လက်အောက်ငယ်သားဆီ မနှစ်မြို့စွာကမ်းပေးလိုက်ပြီး သူရဲ့နောက်လိုက်များနှင့် အလျင်အမြန်ပင် ထိုနေရာမှ ထွက်ခွာသွားလေသည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now