အပိုင်း(၃၄.၁)

Start from the beginning
                                    

တပည့်နှစ်ဦးက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့က မူယန့်စကားကို တော်တော်လေး မယုံကြည်ကြ။ ဒါပေမယ့် မူယန်က အရှင့်ရဲ့ ဂုဏ်ယူရတဲ့တပည့်တစ်ဦးဖြစ်သောကြောင့် အရှင့်ရဲ့ အမိန့်ကိုအတုလုပ်စရာမလိုပေ။ ပြီးတော့ တကယ်ပဲ လိမ်ညာနေခဲ့လျှင်လည်း မူယန်ကတောင်းဆိုလို့သာဖြစ်ပြီး သူတို့ဘာမှမသိကြောင်းဆင်ခြေပေးလို့ရသည်။

သို့သော် သူတို့ ငြင်းဆန်လိုက်လို့ အရှင့်ရဲ့အမိန့် အမှန်သာဖြစ်နေပါလျှင် အကျိုးဆက်ကို ခံစားနိုင်မည်မဟုတ်ပေ။

သူတို့ဟာ တွေဝေနေပြီးမှ ဘေးသို့ကပ်ကာလမ်းဖယ်ပေးလိုက်ကြသည်။ " ညီလေးမူ။ ဝင်သွားပါ။ "

မူယန်က လက်နှစ်ဖက်ကို ပူးကပ်ကာ အရိုအသေပေးလိုက်သည်။ " ဂိုဏ်းတူအစ်ကိုနှစ်ယောက်ကို ကျေးဇူးတင်ပါတယ်။ "

သူဟာရေခဲအကျဉ်းထောင်​၏ အတွင်းပိုင်းထဲသို့လျှောက်ဝင်လာကာလင်းကျစ်ရန်ဆီသို့ရောက်လာခဲ့သည်။

လင်းကျစ်ရန်က မေ့မျောနေခဲ့ပြီး ကြမ်းပြင်ပေါ်တွင် အိပ်ပျော်နေလေသည်။ မူယန်​၏ မျက်နှာက စိုးရိမ်မှုတို့ဖြင့်ပြည့်နှက်နေပြီးချက်ချင်း ဓါးကိုဝှေ့ယမ်းကာ သံကြိုးများကိုဖြတ်တောက်ပစ်လိုက်သည်။ ထို့နောက် လင်းကျစ်ရန်ကို ရင်ခွင်ထဲတွင် ထည့်ကာ ထွေးပွေ့ထားလိုက်ရင်း လက်ကောက်ဝတ်မှတစ်ဆင့် ဝိညာဉ်စွမ်းအားများကို လွှဲပြောင်းပေးလေသည်။

လင်းကျစ်ရန်ဟာ မူးဝေနေသည်။ နွေးထွေးသောစီးကြောင်းတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသလိုခံစားလိုက်ရပြီး ရိုးတွင်းခြင်ဆီထဲရှိ အအေးဓါတ်များကို လွင့်စင်သွားစေသည်။ သူမျက်လုံးဖွင့်လိုက်သော် မူယန်​၏မျက်နှာကို မြင်တွေ့လိုက်ရ​၏။

လင်းကျစ်ရန်ဟာ ပါးစပ်ကို ခက်ခဲစွာဖွင့်လိုက်ပြီး အက်ကွဲသောအသံဖြင့်ဆိုသည်။ " မင်းရောက်လာတာလား။ "

မူယန်​၏မျက်ဝန်းများက အနည်းငယ် နီမြန်းနေလျက်။ " ငါမင်းကို ဒီက ထုတ်ပေးမယ်။ "

လင်းကျစ်ရန်က ခေါင်းခါသည်။ " ငါ့အတွက် မိုက်မဲတဲ့အရာတွေမလုပ်နဲ့။ မတန်ပါဘူး။ "

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now