My King 💞 {part 33}

Start from the beginning
                                    

"စစ်‌ပွဲနဲ့ပတ်သက်ပြီးကတော့ဟုတ်ပါပြီ
မင်းသားတို့ပြည် ပြီးရင် ကျွန်မပြည်ကိုတိုက်မယ်ဆိုတဲ့သတင်းက သေချာလား..?"

"သေချာပါတယ် သူသျှိုကိုဖမ်းမိထားပြီး ရလာတဲ့သတင်းပါ"

"ဟုတ်ပီ မင်းတို့ဘုရင်နဲ့ ငါနဲ့ဆိုတာက မိတ်ဆွေအရင်းကြီးတွေဖြစ်တာမို့လို့ ငါကူညီမှာပါ"

"ကျေးဇူးတင်ပါတယ် ဘုရင်မ"

"ကဲ အသင့်ပြင်ထားတဲ့ စာချုပ်ယူခဲ့"

ဘုရင်မက သူ့ရံရွေတော်ကိုအမိန့်ပေးလိုက်

တယ် မင်းသားက နဲနဲကြောင်သွားပြီး

"ဘုရင်မက စာချုပ်ပြင်ထားပြီးပြီလား..?"

"အင်း မနေ့ကပင် မင်းအကိုတော်ရဲ့ဖိတ်စာကို
ရထားတယ်လေ အရေးတကြီးမင်္ဂလာဆောင်
တယ်ဆိုကတည်းက စစ်ပွဲဖြစ်တော့မယ်ဆိုတာကြိုသိလိုက်တယ် မင်းသားကလဲတိုင်းပြည်ရောက်နေတယ်ဆိုတော့ စစ်ပွဲအတွက်အကူအညီတောင်းမယ်ဆိုတာကသေချာနေပြီလေ အဲ့တာကြောင့်စာချုပ်ကိုကြိုတင်ပြင်ဆင်ထားတာ"

မင်းသားက ဘုရင်မရဲ့ ခန့်မှန်းချက်တွေကို

ကြားရပြီး အံ့ဩသွားတယ်

"ပညာရှိပါပေတယ်"

လို့ချီးကျူးလိုက်တယ်

စာချုပ်မှာ စစ်ပွဲနဲ့ပတ်သက်ပြီး

တောင်းဆိုချက်တိတိကျကျရေးထားတယ်

"မင်းသားဖတ်ကြည့်ပါ အဆင်မပြေရင်ညိုနှိုင်းနိုင်ပါသေးတယိ"

အချက်အလက်တွေက မင်းသားပြောထား

သလိုတူနေပြီး အဆက်ပြေတာမို့

သဘောတူ တံဆိပ်တုံးနှိပ်လိုက်ကြတယ်

"ကဲမင်းသား ခနအနားယူလိုက်ပါအုံး နေစောင်းရင် အာရုဏ်ဦးပြည်ကို မင်္ဂလာပွဲ
အမှီသွားရပါမယ်"

"ဟုတ်ကဲ့ ခွင့်ပြုပါအုံး"

မင်းသားတို့လဲ ရံရွှေတော် လိုက်ပြတဲ့

အဆောင်မှာ ရေချိုးပြီး ခနအနားယူလိုက်ကြ

တယ်

"မင်းသား ဘုရင်မကဘာလို့သူ့မျက်နှာပဝါစအုပ်ထားတာလဲ..?"

ကိုယ်ရံတော်ကမေးတယ်

My King 💞Where stories live. Discover now