My King 💞 {part 28}

169 6 0
                                    

"ဒီက နာမည်ကဘယ်လိုခေါ်လဲဆိုတာ သိလို့ရမလား..?"

မင်းသားကမေးလိုက်တယ်

"နန်းလို့ခေါ်ရင်ရတယ် "

"ဟ မင်းသားမေးနေတာကို နာမည်အပြည့်အစုံပြောပြမှပေါ့.."

ကိုယ်ရံတော်က ကောင်မလေးကို

ဟောက်လိုက်တယ်

"အံမယ် ပြောပြစရာလား
ရှင်တို့က ဘယ်သူတွေမှန်းကျမမှမသိတာ
မြို့ထဲမှာ လျှောက်ပတ်ပြီး ကျမနာမည်ကို အလွဲသုံးစားလုပ်နေရင် ဘယ်လိုလုပ်မလဲ ..?"

နန်းဆိုတဲ့ကောင်မလေးက ပြန်ရန်တွေ့တယ်

"ဟုတ်သားပဲ မင်းကလဲ ယောင်္ကျားကြီးတန်မဲ့
မိန်းမသားတစ်ယောက်ကို ငေါက်စရာမလိုပါဘူး တော်ရုံပဲကာကွယ်ပါ ငါဘာမှမဖြစ်ပါဘူးကွ"

မင်းသားက ကိုယ်ရံတော်ကိုပြန်ဆူလိုက်

တယ် ကိုယ်ရံတော်လဲခေါင်းလေးငုံပြီး

နေရာကနေ အနဲငယ်လှမ်းတဲ့နေရာကို

ထွက်လာခဲ့တယ် ...

"နန်း နန်းကဘယ်မှာနေတာလဲ..?
ဒီမြို့ထဲမှာပဲလား.?"

"ဟုတ်တယ်ပဲဆိုပါတော့"

"နန်းပုံကိုကြည့်ရတာ သေသေသပ်သပ်ပဲနော်
နန်းတွင်းသူထင်ပါရဲ့"

"နန်းတွင်းသူတော့မဟုတ်ပေမဲ့ နန်းတွင်းသူလို့ပြောရင်လဲမမှားပါဘူး ဒါနဲ့
ရှင်တို့ကရော ဘယ်သူတွေလဲ..?
ဘယ်နိုင်ငံကမင်းသားလဲ..?"

"နားလျှင်ပြီး အာရုံစိုက်နိုင်သားပဲနော်
ဟုတ်ပါတယ် ကျတော်က အာရုဏ်ဦးပြည်ကလာတာပါ အရေးကြီးကိစ္စလေးရှိလို့ ဘုရင်မနဲ့ဆွေးနွေးဖို့လာခဲ့တာပါ"

"ဪ ဘုရင်မက တော်ရုံလူအတွေ့ခံတာမဟုတ်ဘူး ရှင်မသိဘူးလား"

"ကျတော်တို့က သံတမန်တော်လိုပဲလေ တွေ့ခွင့်ကိုတားလို့မရနိုင်ဘူးလေ ကျတော်ပြောတာဟုတ်တယ်မဟုတ်လား"

"ဟုတ်ပါတယ် ဟုတ်ပါတယ်
ဒါပေမဲ့ ရှင့်ကိုယ်ရံတော်စရိုက်နဲ့ဆို ရှင်တို့ ‌ခေါင်းပြတ်မှာမြင်‌ယောင်သေးတယ်"

"စိတ်ချပါ သူကအထက်လူကြီးကိုရိုသေရမှန်းသိပါတယ်"

"အာ့တာဆို ပုံမှန်လူကိုလဲ ဆက်ဆံတတ်အောင်သင်ထားလိုက်ပါအုံးနော်"

My King 💞Where stories live. Discover now