My King 💞 {part 29}

158 5 0
                                    

မင်းကြီးနဲ့သုတလဲ တနေကုန်ပင်ပန်းနေတာမို့

ခနအိပ်ပျော်သွားတယ် သုတနိုးလာတဲ့အချိန်

မှာတော့မင်းကြီးက နှစ်နှစ်ခြိုက်ခြိုက်

အိပ်ပျော်နေတယ် ခွထားတဲ့ခြေထောက်ကို

အသာလေးဖယ်ချပြီး ကုတင်ပေါ်ကဆင်းလာ

တယ် အင်္ကျီကို သေချာပြန်ပြင်ပြီး

အခန်းဝထွက်လာခဲ့တယ်

"မဆုနန်း ညနေစာပြင်ပေးပါအုံး"

"ဟုတ် မိဖုရားအထူးတလည်စားချင်တာများ
ရှိသလား ...?"

"မရှိပါဘူး ရှိတာသာယူခဲ့
ဪ ဒါနဲ့ မောင်ကြီးကိုကြည့်ရ‌တာအတော်
ပင်ပန်းထားသလိုပဲ နွားနို့ရှိရင်ယူခဲ့ပါအုံး"

"ဟုတ်ကဲ့ မိဖုရား"

စားပွဲ ယူဖို့ဆုနန်းက စားဖိုဆောင်ကိုသွား

တယ် စားဖိုဆောင်အရောက်မှာ

"ကဲ ငါကမလာဘူးထင်နေတာ"

"မလာပဲနေမလားနော် မိဖုရားဝမ်းစာကျယ်တာလဲသိသားနက်"

"ဒီနေ့ရော ဘာတွေလုပ်ရအုံးမှာလဲ
ပေါက်ကရဆိုငါနင့်ကိုပဲ လိုက်ရိုက်တော့မယ်"

"မရှိပါဘူး နွားနို့ပဲလိုတာ"

"အေးအေး
ဪ ဒါနဲ့ မင်းကြီးတို့ကလက်ဆက်ကြတော့မှာဆို ဟီးဟီး"

"ဟုတ်တယ်လေ နောက်နှစ်ရက်နေရင် လက်ဆက်မှာ"

"ဟွန် အဲ့တာငါတို့စားဖိုဆောင်ကိုဘာမှလဲလာမပြောဘူး.."

"ပြောမှာပေါ့ ဒီလောက် နိုင်ငံရေးတမျိုး မင်္ဂလာဆောင်ကတမျိုး အလုပ်ရှုပ်နေကြတာကို ပြောဖို့မေ့သွားလို့နေမှာပေါ့ မနက်ကျ အရံပစ္စည်းလေးတွေကြိုဝယ်ထားပေါ့ ဘာခက်လို့လဲ "

"အေးပါ နင်ပဲ ငါ့လာလာပြီးဆရာလုပ်နေ"

"လုပ်ရမယ် လုပ်ရမယ်
နန်းတွင်းထဲမှာနိုင်စရာဆိုလို့ စားဖိုမှုးပဲကျန်တော့တယ် "

"အမလေးနော် ငါ့စားဖိုဆောင်လာပြီးတော့နော်  နုတ်နုတ်စဉ်းခံချင်နေပြီထင်တယ်"

"ဟဲဟဲ စတာစတာ
ထမင်းများများထည့်နော် မိဖုရားဝမ်းကျယ်တယ်သိတယ်မို့လား"

My King 💞Where stories live. Discover now