My King 💞 {part 21}

208 9 0
                                    

"အဲ့တာဆို ကျတော့်ကိုကူညီအုံးနော့်"

"အေးပါ ကူညီမှာပေါ့ကွာ
လောလောဆယ်တော့ ငါလိုအပ်တဲ့ဆေးရှာရအုံးမယ်ကွ"

"ရပါတယ် ဒါပေမဲ့သိပ်မကြာစေနဲ့နော်"

"အေးပါ သိပ်မကြာပါဘူး
ဆေးပင်အစုံရှိပြီးဆေးကိုအေးဆေးဖော်ရရင် ရပါတယ်ကွ"

"ဟုတ် အဲ့တာဆို ကျနော်သွားပြီနော်"

"အေးအေး"

"ဪ သတိပေးတယ်လို့တော့မထင်နဲ့
မြန်မြန်လေးနော်မကြာစေနဲ့အုံး"

"အေးပါကွာ ငါသိပါတယ်"

"သွားပြီ ဦးရီးတော်ရေ"

မင်းကြီးက လက်ကာပြပြီး စိတ်ချသွားတဲ့ပုံ

နဲ့ ဦးရီးတော်အဆောင်ကနေထွက်လာခဲ့တယ်

အိပ်ဆောင်ကိုပြန်ရောက်တော့

"ငါ့ကလေးနိုးပြီလား...?"

"မနိုးသေးပါဘူး..."

"ဪ အေးအေး အဲ့တာဆိုလဲအိပ်ပါစေ
ငါမယ်တော့်ဆီသွားလိုက်အုံးမယ် ပြီးရင်စစ်သူကြီးဆီကိုသွားမလို့ ဆုနန်းနင်သေချာဂရုစိုက်ထားကြားလား"

"ဟုတ် ကြားပါတယ်"

မင်းကြီးလဲ သူ့မယ်တော့်ဆီကိုထွက်လာခဲ့တယ်

"ဪ...သားတော်ပါလား
သားတော်ကိုတွေ့ချင်နေတာ အခုတလောလဲမ‌တွေ့ဖြစ်တာကြာပြီဆိုတော့ မယ်တော့်မှာ မေးစရာတွေအများကြီးပဲကွဲ့"

"သားတော် နဲနဲအလုပ်များနေလို့ပါ"

"ဘာတွေအလုပ်များတာလဲဆိုတာ သိတယ်နော်"

"မယ်တော်ကလဲ"

"မယ်တော်ကလဲ လုပ်မနေနဲ့ ကြင်ယာတော်ပါဆိုပြီး‌ပြောထားလိုက်ပြီဆို ပြောပ့အုံး"

"ဟုတ် ....ဟုတ်တယ်"

"မယ်တော့်တောင်ပေးမတွေရသေးပူးဟာကို
ဘာလဲ ကြင်ယာတော်ရှိတော့မယ်တော့်ကိုတောင် မေ့နေပြီလား"

"မမေ့ပါဘူး ပေးတွေ့မလို့ပါပဲ ကလေးကပင်ပန်းနေလို့"

"သားတော်ကအနိုင်ကျင့်နေတာကို"

"အနိုင်မကျင့်ပါဘူးမယ်တော်ကလဲ"

"အဲ့တာဆို အချစ်ကြမ်းနေတာပေါ့"

My King 💞Donde viven las historias. Descúbrelo ahora