My King 💞 {part 30}

192 8 0
                                    

"ခနလေးနော် လိုအပ်တဲ့ပစ္စည်းတွေသွားယူလိုက်အုံးမယ်"

ဦးရီးတော်က ပြောပြောဆိုဆိုနဲ့ လင်ဗန်း

တချပ် ၊ ရေအိုးသေးလေးတလုံးနဲ့ ဆေးမှုန့်

ထည့်ထားတဲ့ အထုပ်တထုပ်ကိုယူလာတယ်

စားပွဲဝိုင်းမှာ လင်ဗန်းတချပ်ကိုချလိုက်တယ်

လင်ဗန်းထဲ ရေအနည်းငယ်ထည့်လိုက်တယ်

ဆေးမှုန့်အနဲငယ်ထည့်ပြီးတော့ ဂါထာတချို့

မန်းမှုတ်လိုက်တယ် ပြီးမှ

"မိဖုရား မိဖုရားရဲ့သွေးနှစ်စက်ကိုအထဲချလိုက်ပါ "

မိဖုရားလဲ မင်းကြီးခါးဆောင်ဓားမြှောင်လေး

ကိုဆွဲထုတ်လိုက်တယ်

"ကလေး ဖြည်းဖြည်းနော် နာမယ်"

"သိပါတယ်..."

သုတက လက်ဖျံကို ဓားမြှောင်နဲ့ရွယ်လိုက်

တဲ့အခါ မင်းကြီးက

"အာ့နားမှာ အကြောတွေအများကြီးရှိတယ်
ကိုယ် ပညာဆည်းပူးတုံးကသင်ရတယ် အာ့နားမဖြစ်ဘူး..."

သုတ မင်းကြီးကို မျက်စောင်းတချက်ထိုး

လိုက်ပြီး ဓားကို လက်ဖဝါးကိုရွယ်လိုက်တယ်

"ကလေး အာ့နားကနုနုလေးလေ တော်ရုံနဲ့ပြန်မကြပ်ရင်ဘယ်လိုလုပ်မလဲ ကလေးအသားကနုနုလေးရယ်ကို ခုကဆောင်းတွင်းရောက်နေတာနော် အနာပိုရင်းပြီးမကြပ်ရင် ကိုယ်ပဲရင်နာနေရမှာ"

"‌ရား....အာ့တော့ဘယ်နားကဖောက်ရမှာလဲ.?"

"အမ်း ......
လက်ညိုးထိပ်လေးကပဲ ဖောက်လိုက်
အာ့တာအဆင်ပြေတယ် "

"သူ့လက်လုပ်တာလဲမဟုတ်ဘဲနက် ပိုပိုနိုင်တယ် ငါကန်ထုတ်မိတော့မယ်"

ဦးရီးတော်က မင်းကြီးကို အမြင်ကပ်ပြီး

ထပြောတယ်

"ဦးရီးတော်ကလဲ တူတော့်လက်မဟုတ်လို့ပေါ့ တူတော့်လက်သာဆို ဘယ်နားကဖောက်ဖောက် ကြိုက်သလိုဖောက်လို့ရတယ်"

"အမလေး တော်ပါ တူတော့်သွေးမလိုဝူး"

"ကဲကဲ တော်တော့
လက်ထိပ်ကဖောက်ရင်ပီးရောမဟုတ်လား"

My King 💞Where stories live. Discover now