My King 💞 {part 32}

187 6 0
                                    

သုတနဲ့ဆုနန်း မယ်တော်ကြီးအဆောင်ကို

ရောက်တော့

"ဟော လာပြီလား
မယ်တော်ကမျှော်နေတာ"

မယ်တော်ကြီးက လှမ်းနှုတ်ဆက်လိုက်တယ်

"မင်္ဂလာနံနက်ခင်းပါမယ်တော်"

သုတက မနက်ခင်းနှုတ်ဆက်စကားဆိုလိုက်တယ်

"အင်း ချွေးမလေးကို မြင်နေရတာ
မင်္ဂလာနံနက်ခင်းပေါ့ကွယ်"

"မယ်မယ် အကျီဝတ်ပြီးဆံပင် အစမ်းပြင်ကြည့်ရပါမယ်"

ဆုနန်းကပြောလိုက်တယ်

"အေး ဟုတ်သားပဲ အကျီတွေက ဟိုနားကသေတ္တာလေးထဲမှာ မနက်ကတည်းကရောက်နေပြီ ချွေးမလေးကိုစောင့်နေတာ"

ဆုနန်းကသေတ္တာသွားယူလိုက်တယ်

အထဲကအင်္ကျီကိုထုတ်ပေးလိုက်တယ်

စက္ကူလိုက်ကာထောင်ထားတဲ့နောက်ကို

သုတကဝင်သွားလိုက်တယ် ဆုနန်းကအကျီ

ယူပြီးလိုက်သွားတယ်

"အာ ရပါတယ် ဒီကိုပေးပါ"

"ဟော မဟုတ်တာရှက်နေပြန်ပြီ
မင်းသားတွေလဲဒီလိုပဲလဲတာ"

"ရပါတယ် ကိုယ့်ဘာသာလဲလိုက်မယ်"

"မိဖုရား မင်္ဂလာဝတ်ရုံကအသေးစိတ်အနုဖောက် လုပ်ထားတာ ကူဝတ်ပေးမှရမှာ"

"ဟွန်း...."

"ကဲပါ ချွေးမတော်ရယ် ဒီတစ်စုံပဲကူဝတ်ခိုင်းလိုက်ပါ ကျန်တဲ့နေ့ရှက်ရင်ကိုယ့်ဘာသာဝတ် အဲ မဟုတ်ရင် မင်းကြီးကိုခေါ်လိုက်ရမလား ကူဝတ်ခိုင်းရအောင်လေ"

မယ်တော်ကြီးက အပြင်ကနေလှမ်းပြောတယ်

"အာ မယ်တော်ကလဲ စနေတယ်"

"တကယ်ပြောတာ ခေါ်လိုက်ရမလား
သားတော်ကို"

"မယ်တော် ဘာဖြစ်လို့လဲ..?"

မင်းကြီးက‌ရုံးတော်ကအလုပ်တွေပြီးလို့

မိဖုရားလေး မယ်တော့်ဆီရောက်လောက်ပြီ

ဆိုပြီးမှန်းလာတာနဲ့ ကွက်တိဖြစ်သွားတယ်

"ဟော အသက်ရှည်အုံးမယ်
သွားသွား မိဖုရားကမင်္ဂလာဝတ်ရုံကူဝတ်ပေးမှာကိုရှက်နေလို့ကွယ် ဝတ်ပေးလိုက်အုံး"

My King 💞Tempat cerita menjadi hidup. Temukan sekarang